ကလေးစစ်သားများကို နေရပ်ပြန်ပို့ပေးနေရုံနှင့် မလုံလောက်ဘဲ ကလေးများ၏ အနာဂတ်အတွက် စိတ် ပိုင်းဆိုင်ရာကုစားပေးသည့် အစီအစဉ်များကိုလည်း ပြုလုပ်ပေး ရန်လိုအပ်ကြောင်း Equality Myanmar မှ အမှုဆောင်ဒါရိုက် တာ ဦးအောင်မျိုးမင်းက ပြော သည်။
ကလေးစစ်သားများကို လက်လွတ်စပယ် လွှတ်ပေးနေခြင်းဖြင့် လူ့အခွင့် အရေးပြည့်ဝသော နိုင်ငံဟု ကြေ ညာနေ၍မရကြောင်း၊ ကလေးတစ်ယောက်နှင့် မလိုက်ဖက်သည့် ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရသော ကြမ်း တမ်းသည့် ဘဝများကြောင့် စိတ်ကြမ်းလူကြမ်းဖြစ်၍ ပတ်ဝန်းကျင်နှင့် ဝင်ဆံ့မှုမရှိသော ကလေးများ ၏အခက် အခဲများကိုလည်း ထည့်သွင်းစဉ်း စားသင့်ကြောင်း ဦးအောင်မျိုး မင်းက ပြောသည်။
ဦးအောင်မျိုးမင်းက ''က လေးစစ်သားတွေကို ပြန်လွှတ် ပေးနေတာတွေလုပ်နေပေမယ့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိ ခိုက်နာကျင်မှုကို ကုစားနိုင်ဖို့ အ စီအစဉ်တိတိကျကျမရှိပါဘူး။ ကလေးနဲ့မလိုက်တဲ့ အကြမ်းဖက် မှုတွေ၊ ကလေးရဲ့ဘဝနဲ့ မလိုက် တဲ့ ပတ်ဝန်းကျင်တွေမှာ နေခဲ့ရ တဲ့အတွက် အဲ့လိုကလေးမျိုးတွေ ကို စိတ်ပိုင်းဆိုင်ရာကူညီဖို့အစီ အစဉ်တွေလိုအပ်ပါတယ်''ဟု ပြော သည်။
ယင်းလိုအပ်ချက်များကိုစဉ်း စားပြီးမှ ပြောင်းလဲလာသော အ ခြေအနေပေါ် မူတည်ပြီး နေရပ် ပြန်လည်ပို့ဆောင်ပေးရန်နှင့် နေ ရပ်ပြန်ရောက်သွားသော ကလေး များကိုလည်း ပညာရေးနှင့် ၎င်း တို့၏ စိတ်ဝင်စားမှုအပိုင်းများ ကိုမူတည်ပြီး ပတ်ဝန်းကျင်နှင့်ဝင် ဆန့်နိုင်ရန် လုပ်ဆောင်ပေးဖို့လို အပ်ကြောင်း ဆက်လက်ပြော သည်။
မြန်မာနိုင်ငံတွင် ကလေး စစ်သားများအား နေရပ်ပြန် လည် ပို့ဆောင်ခြင်းကိစ္စများကို လေးကြိမ်တိတိ ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ ၂၀၁၂ စက်တင်ဘာ ၃ ရက် တွင် ၄၂ ဦး၊ ၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၂၄ ဦး၊ ၂၀၁၃ ဇူလိုင် ရ ရက်တွင် ၄၂ ဦးနှင့် ၂၀၁၃ ဩ ဂုတ် ရ ရက်တွင် ၆၈ ဦး၊ စုစုပေါင်း ၁၇၆ ဦးအား နေ ရပ်ပြန်လည်ပို့ ဆောင်ပြီးဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက ''ကိုအောင်မျိုး မင်းပြောတဲ့ အ ချက်ကလဲ ထည့် သွင်းစဉ်းစားပေးရမယ့် အချက် ဖြစ်ပါတယ်။ ဒီကလေးတွေအ တွက် အရင်ကတော့ အ လုပ်သမားရုံးတွေနဲ့ ချိတ်ဆက်ဆောင် ရွက်ပေးဖူးပါတယ်။ တချို့ ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေ အ တွက်ကတော့ ကျောင်းထား ပေးဖို့ စီစဉ်ပေးရပါမယ်''ဟု ဦး အောင်မျိုးမင်း၏ ပြောကြားချက်နှင့် ပတ်သက် ၍ ထောက်ခံပြော ကြားသည်။
၁၈ နှစ်မပြည့်သေးသူများ ကို လုပ်ငန်းခွင်သို့သွင်းပေးပါကလည်း ကလေးအလုပ်သမားဖြစ် သွားနိုင်သော ကြောင့် ယင်းကလေး များအတွက် ပညာရေးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနများက ဆောင်ရွက် ပေးဖို့ လိုအပ် ကြောင်း ဆက်လက်ပြောသည်။ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ ကလေးအခွင့်အရေး ချိုးဖောက် မှုစောင့်ကြည့်ရေး နိုင်ငံအဆင့် အဖွဲ့တို့သည် ကလေးများကို စစ် သားအဖြစ် စုဆောင်းခြင်းမပြု လုပ်ရန်နှင့် ကလေးများကို စစ် တပ်တွင်မသုံးရန် လုပ်ငန်းစီမံချက် ကို ၂၀၁၂ ခုနှစ် ဇွန် ၂ရ ရက်က သဘောတူ လက်မှတ်ရေးထိုးထား ခဲ့သည်။
ထို့ပြင် မြန်မာအစိုးရသည် ၂၀၁၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် နိုင်ငံတွင်း ကလေးစစ်သားပပျောက် ရေးနှင့် အဓမ္မလုပ်အားပေး ခိုင်း စေမှု ပပျောက်ရေးအတွက် သုံး နှစ်စီမံကိန်း သဘောတူညီချက် တစ်ခုကို ILO နှင့် သဘောတူလက် မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်သည်။
သို့သော် ဗြိတိန်အခြေစိုက်Child Soldier International အဖွဲ့၏ထုတ်ပြန်ချက်အရ မြန်မာ့ တပ်မတော်နှင့် နယ်ခြားစောင့်တပ် တို့တွင်ကလေးစစ်မှုထမ်းပပျောက် ရေး လက်တွေ့အကောင်အထည် ဖော်မှု အားနည်းကြောင်း အစီရင် ခံစာကို ဇန်နဝါရီ ၂၃ ရက်က ထုတ် ပြန်ခဲ့သည်။
Ref...Yangon Media Group

0 comments:
Post a Comment