Pages

Friday, August 23, 2013

မွန်ပြည်နယ်တွင် အသေးစား အလတ်စားစက်မှုလုပ်ငန်းများ ထိုင်း-မြန်မာ ပူးတွဲလုပ်ကိုင်မည်

မွန်ပြည်နယ်၌ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံတာခ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်နယ်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းတို့ သြဂုတ် ၂၁ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU)ကို ရေးထိုးခဲ့ကြောင်း မွန်ပြည်နယ် စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က မဇ္ဈိမ သတင်းစာသို့ ပြောသည်။

မော်လမြိုင်မြို့Strand ဟိုတယ်တွင် သြဂုတ်၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် ထိုင်းနှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းကုန်သွယ်ရေးပွဲတော်တွင် ယင်းကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

  အဆိုပါအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများတွင် စားသောက်ကုန် လုပ်ငန်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သားရေကွင်းလုပ်ငန်း၊ ကော်ပစ္စည်းလုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းတို့ ပါ ၀င်ပြီး၊မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက္ခမီနှင့် ကျိုက်ထိုမြို့နယ်တို့တွင် အဓိကတည်ထောင်ရန် ရည်ရွယ် ထားကြောင်း ဦးလှရှိန်က ရှင်းပြသည်။

“စက်ဘီးစက်ရုံနဲ့ မော်တော်ဆိုင်ကယ် စက်ရုံတွေအထိ တည်ထောင်နိုင်ဖို့ ရည်ရွယ်ထားတယ်။ မကြာခင် မှာပဲ လုပ်ငန်းဆိုင်ရာ စီမံချက်တွေကို ရေးဆွဲမှာပါ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ တာခ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည် အများပိုင် ကုမ္ပဏီကို ထူထောင်ပြီး အဆိုပါလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်မည်ဖြစ်ကြောင်း၊ ယင်းအသင်းနှစ်သင်း၏ ဒေ သများမှ ထွက်ရှိသော ထုတ်ကုန်များကို ရောင်းဝယ်နိုင်ရန်အတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် အချက်များလည်း ပါဝင်ကြောင်း ဦးလှရှိန်က ဆက်ပြောသည်။

မွန်ပြည်နယ် စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ စီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ ကျော် ခန့် လည်း ထိုင်းနိုင်ငံ၊ မဲဆောက်နှင့် ဘန်ကောက်မြို့များသို့လည်း သွားရောက်လေ့လာကြဖို့ရှိကြောင်း ဦးလှရှိန် က ပြောသည်။

 Ref..mizzima

0 comments:

Post a Comment