Pages

Monday, August 19, 2013

သရုပ်ဆောင်ကြေး ဒေါ်လာ သန်း(၅၀) တန်သည့် Batman




  Batman ဇာတ်ကား (၃)ခုတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် Christian Bale သည် Batman ခေါင်းစွပ်နှင့် ဝတ်ရုံနက်ကို နောက် ထပ်ဝတ်ဆင်တော့မည် မဟုတ်ဟုပြောဆိုထားသော်လည်း ရုပ်ရှင်ထုတ်လုပ်သူများထံမှ အံ့ဩဖွယ်ရာ သရုပ်ဆောင်ကြေးဖြင့် ကမ်း လှမ်းမှုကြောင့် Batman ခေါင်းစွပ်နှင့် ဝတ်ရုံနက်အတွက် စဉ်းစားနေရကြောင်း သိရှိရသည်။ 

ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီ Warner Brothers' မှ ထုတ်လုပ်မည့် "Man of Steel" ၏ ဇာတ်လမ်း အဆက်အဖြစ် "Batman Vs Superman" ဇာတ်လမ်းတွင် Batman ကိုပါ ထည့်သွင်းသွားမည် ဖြစ်သည့်အတွက် Christian Bale ကို ချဉ်းကပ်ကြခြင်း ဖြစ် သည်။ 

Man of Steel ဇာတ်ကားတွင် Batman အဖြစ် ပါဝင်ပါက ရုပ်ရှင်တစ်ကားတည်းအတွက် သရုပ်ဆောင်ကြေး ဒေါ်လာ သန်း(၅၀) ပေးမည်ဟု ထုတ်လုပ်သူများက Christian Bale ထံ အဆိုပြုထားကြောင်း သိရသည်။

Christian Bale ၏ Batman ဇာတ်ကား (၃)ခုအနက် ဒုတိယမြောက် ဇာတ်ကားဖြစ်သည့် Dark Knight နှင့် တတိယမြောက် Dark Knight Rises နှစ်ကားထဲမှပင် ဒေါ်လာ (၁.၅)ဘီလျံကျော် ဝင်ငွေရရှိခဲ့သည် မြင့်မားသော သရုပ်ဆောင်ကြေးဖြင့် ကမ်းလှမ်း လာသည့်အတွက် Christian Bale အနေဖြင့် ယခုအခါ Batmanအဖြစ် ပြန်လည် သရုပ်ဆောင်ရန် ကြီးမားသော ဆွဲဆောင်မှုမျိုး ကြုံနေရပြီ ဖြစ်ကြောင်း မင်းသားနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပြောကြားခဲ့သည်။ 

Ref...www.upi.com

0 comments:

Post a Comment