၂၀၂ဝပြည့် နှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ အိမ် ရှင်ဖြစ်ခွင့်လျှောက်ထားမှုအပေါ် ဂျူဒိုအဖွဲ့ချုပ်၏ အရှုပ်တော်ပုံများက ထိခိုက်စေမည် ဆိုး ၍ ယင်း အားကစားအဖွဲ့ဒါရိုက်တာ အား လုံးကို ဂျပန်အစိုးရက ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။ ဂျပန် ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာရူကီအူမူရာနှင့်စာရင်းစစ် အရာရှိသုံးဦးအပါအဝင် ဒါရိုက်တာများ၊ အမှုဆောင်အဖွဲ့များသည် ကြာသာပတေး နေ့က ပြု လုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် နုတ်ထွက်စာများ တင်ခဲ့ကြ ကြောင်း သိရသည်။
အသက် ၆၂နှစ်ရှိ ဂျူဒိုအ ဖွဲ့ချုပ်ဥက္ကဋ္ဌအူမူရာနှင့် ထိပ်တန်း အမှုဆောင်အရာရှိအဆင့်များမှာ ငွေကြေး အလွဲသုံးစားပြုလုပ်ခဲ့ သည့် အပေါ် စစ်ဆေးတွေ့ရှိခဲ့ပြီး နောက် ဂျပန်နိုင်ငံပုံရိပ်အပေါ် ထိခိုက်စေသည့်မှတ်ချက်ဖြင့် ရာထူးမှ နုတ်ထွက်စေခဲ့ခြင်းဖြစ်သည်။ ထို့အ ပြင် လန်ဒန်အိုလံပစ် ပြိုင်ပွဲမစတင်မီက ဂျူဒိုအမျိုး သမီးအသင်းနည်းပြချုပ် ဆိုနိုဒါ သည် အားကစားသမားများအ ပေါ် ကြမ်းတမ်း သည့် စကားလုံး များ၊ ခြိမ်းခြောက်သည့်စကားလုံး များ သုံးစွဲပြောဆိုခဲ့ခြင်းကြောင့် ရာထူးမှအနားပေးခံခဲ့ရသည်။ ဂျပန်ဂျူဒိုအဖွဲ့အ တွက် နောက်ထပ်ဆိုးရွားသည့် အရိပ်ဆိုးမှာ အိုလံပစ်ချန်ပီယံနှစ်ကြိမ် ချန်ပီ ယံဖြစ်ခဲ့သူ အူချီရှီဘာသည် ကောလိပ်ကျောင်းသူ တစ်ဦးကို အဓမ္မကျင့်ခဲ့သည့်အတွက်ကြောင့် ဖေဖော်ဝါရီလအတွင်းက တရားရုံးတစ်ခုမှ ထောင်ဒဏ်ငါးနှစ် ပြစ် ဒဏ်ချမှတ်ခဲ့သည်။
ထို့အပြင်ဂျူဒိုအဖွဲ့အစည်း၏ ဘဏ္ဍာငွေများ အလွဲသုံးစား ခြင်းများရှိနေကြောင်း ဧပြီလအတွင်းက သတင်းများထွက် ပေါ်လာခဲ့ခြင်း က ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌအူမူရာကို ရာထူးမှ နုတ်ထွက်စေရန် ဖိအားပိုမိုဖြစ်စေခဲ့ သည်။
Ref......ရန်ကုန်တိုင်းမ်
0 comments:
Post a Comment