ယင်းအဖွဲ့၏
ဖျော်ဖြေမှုမတိုင်မီတွင် မြန်မာနိုင်ငံ၏ ထိပ်သီးတီးဝိုင်းဖြစ်ပြီး လက်ရှိ
Bagan Entertainment နှင့် တွဲဖက်လုပ်ကိုင် လျက်ရှိသော Iron Cross
တီးဝိုင်းနှင့်အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း တို့က
ပရိသတ်များအား ဦးစွာ တင်ဆက်ခဲ့ကြသည်။“ဒီ ပွဲက သူတို့ (Air Supply) ပွဲပါ။ ကျွန်တော်တို့က ပါဝင်အားဖြည့်ပေးတဲ့ သဘောပါ”ဟု အဆိုတော် မျိုးကြီးက ဆိုသည်။ ယင်းဖျော် ဖြေပွဲ၏ လက်မှတ်များကို ကျပ်ငါးသောင်းခွဲ၊ ငါးသောင်း၊
သုံးသောင်း၊ နှစ်သောင်းခွဲနှင့် နှစ်သောင်း အသီးသီးသတ်မှတ်ထားပြီး
ရရှိ သောငွေများကို ပညာရေးအတွက်လှူဒါန်းမည်ဖြစ်ကြောင်း စီစဉ်သူ ကိုညီညီက ဆိုသည်။
“ဒီကပရိသတ်တွေလည်း နိုင်ငံတကာပွဲတွေ ကြည့်လို့ရအောင်ရယ်၊
ရရှိတဲ့ငွေတွေလည်း အကျိုးရှိအောင် ကျောင်းမနေရသေးတဲ့
ချင်းနဲ့ကချင်တောင်တန်းအချို့ကလေးတွေရဲ့ ပညာရေးအတွက် အသုံးပြု သွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ဖျော်ဖြေပွဲတွင် Air Supply အဖွဲ့မှ အဆိုတော် Russell Hitchcock က
တီးဝိုင်းအဖွဲ့သားများနှင့်အတူ မြန်မာ ပရိသတ်အတွင်း ကျော်ကြားသည့်
တေးသီချင်းများအပါအ၀င် တေးသီချင်းများစွာဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ယခု Air Supply အဖွဲ့၏ ဖျော်ဖြေပွဲကို Bagan Entertainment မှ
စီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ပထမဆုံးအကြိမ် ကျင်းပသည့်
နိုင်ငံတကာဖျော်ဖြေပွဲလည်း ဖြစ်သည်။
Ref....mizzima
0 comments:
Post a Comment