Pages

Wednesday, August 28, 2013

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်ရောက်ရှိ ဒုက္ခသည်များအား နှစ်သိမ့်အားပေး


  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားသည် ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိကာ ကချင်လူမှု အသိုင်းအ၀ိုင်းများ၊ စစ်ဘေးရှောင် ပြည်သူ များ ၊ ရပ်မိရပ်ဖများကို တွေ့ဆုံအားပေးခဲ့သည်။...

မစ္စတာ နမ်ဘီးယားသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်းတွင် ဒေသခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့ရှိ စစ်ဘေးရှောင် စခန်းများကို သွားရောက် ခဲ့သည်။

မစ္စတာ နမ်ဘီးယားက "ကျွန်တော်တို့က ခင်ဗျားတို့ ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ ပြန်သွားတဲ့ အခါမှာ လည်း အများတွေနဲ့ တန်းတူနေနိုင်အောင် ကြိုးစားဖန်တီး ပေးသွားမှာပါ။ ၀မ်းနည်းမနေကြပါနဲ့ အခုလည်း ပြောဆိုနိုင်ပါတယ်" ဟု ၀ိုင်းမော်မြို့ စိန့်ဂျိုးဇက် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ များနှင့် တွေ့ဆုံချိန်တွင် ပြောကြားသည်။

ထို့အတူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ကေအိုင်အို၏ နည်းပညာအကြံပေး အလုပ်အဖွဲ့နှင့်လည်း ညနေပိုင်းတွင် သီးခြားတွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် အစိုးရနှင့် ကေအိုင်အိုတို့ နောက်ဆုံးသဘောတူညီချက် ခုနစ်ချက်ကို အကောင်အထည် ဖော်မှုနှင့် ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးခဲ့သည်။ မစ္စတာ နမ်ဘီးယားသည် မြစ်ကြီးနားသို့ တတိယအ ကြိမ် မြောက် ရောက်ရှိလာခြင်းဖြစ်ပြီး မနက်ဖြန် နံနက်ပိုင်းတွင် ကေအိုင်အို အခြေစိုက်ရာ လိုင်ဇာမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref....Eleven

0 comments:

Post a Comment