မြေယာကိစ္စအကြောင်းပြု၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ နှင့် နယ်ခြားစောင့်တပ် (BGF) တို့  မြဝတီမြို့ အနီးတွင် အခြေအ နေ တင်းမာသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၃၁ ရက်က ဖြတ်ခေါ်ကြောင်း သိရသည်။
အဆိုပါမြေယာကိစ္စ နှင့်ပတ်သတ်၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ မှ ဗိုလ်မှူးတိုက်ဂါး ၏ လက်အောက်ခံတပ်ဖွဲ့ ဝင်များ နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၂၂ မှ ဗိုလ်မှူး မုတ်သုန် ၏ လက်အောက်ခ့တပ်ဖွဲ့  ဝင်များအကြား သြဂုတ် ၁၃ ရက်မှ စတင် ကာအခြေအနေတင်းမာခဲ့ ပြီး သြဂုတ် ၁၄ ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ကာ သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုသတင်းများ ထွက်ပေါ် ခဲ့သော်လည်း မြဝတီဒေသခံများ ၊ နှစ်ဖက်အဖွဲ့  နှင့် နီးစပ်သူများထံသို့ စုံစမ်းရာ အခြေအနတင်းမာခဲ့သည် မှာမှန်သော်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ငြင်းဆိုခဲ့သည်။
မြဝတီအခြေစိုက် တပ်မတော်တပ်ရင်း ၂၇၅ ၏ အရှေ့ ဘက်တွင် ရှိသော မြေဧက ၆၀ခန့့်တွင် KNU/KNLAငြိမ်းချမ်းရေးကောင်စီ မှ ဗိုလ်မှူးတပ်တိုက်ဂါး ၏ လက်အောက်ခံတပ်ဖွဲ့ ဝင်အချို့ မှာ ယခင်ကတည်းက အဆိုပါမြေပေါ်တွင် လုပ်ကိုင်စားသောက်နေထိုင်ကြ ကြော င်း သြဂုတ် ၁၃ ရက်က ယမင်းမြေပေါ်င်္တွင် မြေယာရှင်းလင်းမှုပြုလုပ်ခြင်းကို တပ်ရင်း ၂၇၅ ဗိုလ်မှူးအဆင့်ရှိ အရာရှိ တစ်သီး နှင့် အခြားအဆင့်တပ်ဖွဲ့ ဝင်အားဦးခန့် မှ တပ်ပိုင်မြေဖြစ်သဖြင့် မြေယာရှင်းလင်းခြင်းမပြုလုပ်ရန် တားမြစ်ရာက အခြေအနေ တင်း မာကာ ဗိုလ်မှူးတိုက်ဂါး ၏ လက်အောက်ခွံတပ်ဖွဲ့  မှ သေနတ်မိုးပေါ်ထောင်၍ ငါးချက်ခန့် ပစ်ဖောက်ခဲ့ခြင်းသာဖြစ်ကြောင်း မြဝတီ ဒေသခံတစ်ဦးက ဆိုသည်။
ထို့ နောက် ယင်းနေ့ ညပိုင်းတွင် တပ်မတော်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးညီညီလွင်က အဆိုပါဖြစ်စဉ်အား ဖြေရှင်းပေးရန် နယ်ခြား စောင့်တပ် ၁၀၂၂ မှ ဗိုလ်မှူးမုတ်သုန်အား အကူအညီတောင်းခံသဖြင့်သွားရောက် ညှိနှိုင်းဖြေရှင်းခဲ့ခြင်းဖြစ် ပြီး နှစ်ဖက်အပြန် အ လှန်ပစ်ခတ်မှုမျိုးမဟုတ်ကြောင်း စုံစမ်းသိရှိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ နယ်ခြားစောင့်တပ် ဆက်ဆံရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်ထံ ဆက်သွယ်မေးမြန်းရာ မြေယာကိစ္စ နှင့်ပတ်သတ်၍ အောက်ခြေတွင် မကျေမလည်မှုအချို့ ရှိခဲ့ပြီးယခုအခါ ညှိနိုင်းပြေလည်သွားပြီဖြစ်ကြော င်း နှင့် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းပြောကြားသည်။
“ကျွန်တော်နဲ့  ဗိုလ်မှူးမုတ်သုန် နဲ့  ညီအကိုလိုနေကြတာ ဖြစ်စရာမရှိဘူး။ဖြစ်တာက ကျွန်တော်တပည့်တွေနေနေတဲ့ နေရာကို ဗျူဟာမှူးကြီး ညီညီလွင်က တပ်ပိုင်ဖြေဆိုပြီး ဖယ်ခိုင်းတာမှာ ကျွန်တော် အဖွဲ့ တွေ နဲ့ တပ်မတော်နဲ့ နည်းနည်း မကျေလည်မှု တွေဖြစ်သွားတာပါ။ အဲ့ဒါကို သူတို့ က ကျွန်တော်နဲ့ လာမရှင်းချင်လို့  ဗိုလ်မှူးမုတ်သုန် ကိုကြားခံလွှတ်လိုက်တာပါ။ ကျွန်တော်တို့ ကြားမှာ ကအေးအေးဆေးဆေးပါပဲ” ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးတက်ဂါးကပြောကြားသည်။
Ref...Daily Eleven
0 comments:
Post a Comment