Pages

Tuesday, August 13, 2013

ကချင်စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်ကို ပမာပြု၍ အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ရန် တောင်းဆို



ကချင် စစ်ပြေးဒုက္ခသည်တစ်ဦးဖြစ်သည့် ဦးလထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေးအဖွဲ့KIO အဖွဲ့ဝင် ဖြစ်သည် ဟု ဖမ်းဆီးစစ်ဆေးခဲ့စဉ် ရဲတပ်ဖွဲ့ဝင်တို့က ရိုက်နှက်ခဲ့ခြင်း၊ ပြည်နယ်တရားရုံးက ပြစ်ဒဏ်ချ မှတ် လိုက်ခြင်းတို့သည် တရားဥပဒေစိုးမိုးမှုမရှိခြင်း ပေါ်လွင် ထင်ရှားသည်ဟုဆိုကာ အလားတူဖြစ်ရပ် များထပ် မံမဖြစ်ရန် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖတို့က သြဂုတ်လ ၁၁ ရက် တွင်ထုတ် ပြန်ကြေညာ တောင်းဆိုလိုက်သည်။

ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် စစ်ပြေးဒုက္ခသည်များ အပါအ၀င် လူဦးရေ ၂,၅၀၀ ခန့် တက်ရောက် ခဲ့ပြီး ပထမပိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီထိ ဆုတောင်းဝတ်ပြုမှု ပြုလုပ်ခဲ့ပြီးနောက် မွန်း လွဲပိုင်း ၂ နာရီချိန်ထိ လူထုသို့ ရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။ 

“သူ့ကိုဖမ်းတဲ့ညကနေ နှိပ်စက်တာတွေ၊ ခေါင်းမှာ ရိုက်၊ မျက်နှာမှာ ကန်၊ ဓါး မီးဖုတ်ပြီး မျက်နှာမှာ၊ ပေါင် တွေမှာကပ်ပေးတာတွေ၊ ဗိုက်တွေမှာဖယောင်းတိုင်၊ ဆေးလိပ်မီးတွေနဲ့ တို့တာတွေ၊ နောင်သူ့ပေါင်မှာ ဓါးနဲ့ ထိုးပေးတာတွေ၊ ခြေသလုံးမှာလှိမ့်ပေးတာတွေ ပြောပြတယ်။ သူတကယ် ကေအိုင်အေမလုပ်ဖူးဘူး။ သူတို့ မတရားနှိပ်စက်လို့ ၀န်ခံလိုက်တယ်ဆိုတာတွေပြောတယ်” ဟု ဦးလထော်ဘရန်ရှောင် အမှုရင်ဆိုင်နေရ စဉ် လိုက်ပါဆောင်ရွက်ပေးခဲ့ သူရှေ့နေဂျီမာခါး က ပြောသည်။ 

ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စရဖမှ ဖမ်းဆီးပြီး သူ၏အမှုနှင့်ပတ်သက်၍ ပြည်နယ် အစိုးရနှင့် တရားရုံး၏ ကိုင်တွယ်ဖြေရှင်းပုံသည် မြန်မာနိုင်ငံ၌ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးမှာ အမှန်တရားဘက်မှ ရပ်တည်ခြင်းမရှိဘဲ ဒီမိုကရေစီနိုင်ငံတော်သို့ လျှောက် လှမ်းနေသော မြန်မာနိုင်ငံသည် စစ်တပ်၏ လွှမ်းမိုးမှု၊ ချယ်လှယ် မှု ဆက်လက်ရှိနေသည်မှာ လုံးဝထင်ရှားနေကြောင်းလည်း ထုတ်ပြန်ချက်
တွင်ပါရှိသည်။ 

“ဦးဘရန်ရှောင်ရဲ့ အဖြစ်အပျက်က တူညီမှုမရှိတာတွေ၊ သူ့ကိုနှိပ်စက်တာတွေ၊ တရားရုံးဥပဒေနဲ့ တရားမျှ တမှု ကိုက်ညီခြင်း မရှိဘူး”ဟု ဦးဂျီမာခါးက ပြောသည်။ 

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အနီးကပ်စောင့်ကြည့်ကာ တား ဆီးပေးရန်၊ လူ့အခွင့်အရေး ပြည့်ဝ လာစေရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ စစ်ပြေး ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီ ဆက်လက် ထောက်ပံ့ပေးပါရန်နှင့် ပြည် နယ်တရားစီ ရင်ရေးစနစ်အား အနီးကပ်စောင့် ကြည့်ပြီး လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေး စနစ် ပေါ်ပေါက်လာစေရန် ကူညီဆောင်ရွက်ပေးရန်လည်းကြေညာချက်တွင် တောင်းဆိုထားသည်။ 

ဦးဘရန်ရှောင်ကဲ့သို့ မတရားနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းများ နောက်နောင် ဆက်လက်မဖြစ်ပွားရန် ရည်ရွယ်၍ အစိုးရနှင့် နိုင်ငံတကာကို တောင်းဆိုခြင်းဟုလည်း ရှေ့နေဦးဂျီမာခါးက ပြောသည်။ ဦးလ ထော်ဘရန်ရှောင်ကို အစိုးရဘက်က စွပ်စွဲထားသည့် KIA မဟုတ်ကြောင်းကို လူထုအား ရှင်းပြရန်၊ လူ့ အခွင့်အရေး ချိုးဖောက်မှု မတရားနှိပ်စက်ညှင်းပန်းမှုများကို တရားဥပဒေအရ တရားမျှတမှု မရှိကြောင်းကို လူထုအား ရှင်းပြရခြင်းဖြစ်သည်ဟု သူကပြောသည်။ 

ယခုလ ၇ ရက်က ဦးဘရန်ရှောင်အား မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့မှု အား ပယ်ဖျက်ပြီး တရားသေလွှတ်ပေးရန် အယူခံလျှောက်လဲချက်အား မြစ်ကြီးနားခရိုင် တရားရုံးက ပလပ် ခဲ့သည်။၂၀၁၂ခုနှစ် ဇွန်လ ၁၂ရက်နေ့က မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည် စခန်း မှဖောက်ခွဲမှုဖြင့် အမှတ်(၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒုရဲအုပ်ကျော်မျိုးနိုင်နှင့်အဖွဲ့က ဖမ်းဆီးခံခဲ့ သည်။ 

နောက်ပိုင်း သူ့အား ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု စွပ်စွဲကာ မတရားအသင်းဖြင့် ပြီးခဲ့သည့် ဇူ လိုင်လ ၁၈ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး တစ်ပတ်အကြာ ဇူလိုင်လ ၂၃ ရက်က လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်။ 

Ref...mizzima

0 comments:

Post a Comment