Pages

Monday, August 19, 2013

ကင်တားနား ပြန်သွား တာနဲ့ တိုက်ပွဲ စတော့ တာပဲ” ဟု KIA အရာရှိပြော



  မစ္စတာ ကင်တားနားကချင် ပြည်နယ်မှ ထွက်ခွာသွားပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ ကချင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘို က ပြောသည်။

“၁၇ ရက်နေ့က ကျနော်တို့ တပ်မဟာ (၁) ဘက်မှာရှိတဲ့ တပ်ရင်း (၁၀) ရဲ့ရှေ့တန်းစခန်းကို အစိုးရတပ်ဖွဲ့ တို့က လာရောက်တိုက်ခိုက် ခဲ့တယ်။ တိုက်ပွဲကတော့ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ ကင်တားနား ပြန်သွားတာနဲ့တိုက်ပွဲကစတော့တာဘဲ” ဟု ဆိုပါသည်။

ကချင်ပြည်နယ် အရှေု့မြောက်ဘက် လောခေါင်မြို့နယ်ရှိ ကချင် KIA တပ်မဟာ (၁) လက်အောက်ခံ တပ် ရင်း (၁၀) ၏ရှေ့တန်းတပ်စခန်းတွင် အစိုးရတပ်ဖွဲ့ ခမရ (၅၁၂)၊ နယ်ခြားစောင့်တပ် (BGF ) ပူးပေါင်းတပ် ဖွဲ့တို့က အင်အား (၃၀၀) ကျော်ဖြင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက် (၆) နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁ နာရီ ခွဲ အထိ (၇) နာရီခန့် လာရောက် တိုက်ခိုက် သွားသည်ဟု ဆိုသည်။

တိုက်ပွဲ အတွင်းနှစ်ဖက် တပ်ဖွဲ့တို့၏ ထိခိုက်မှုသတင်း အသေးစိတ်ကို မသိရှိရသေးကြောင်း ဒုတိယ ဗိုလ် မှူးကြီးနော်ဘို က ဆိုသည်။

“သူတို့ တပ်ဖွဲ့တွေပြန်ဆုတ်ခွာ သွားတော့မှ တိုက်ပွဲက ရပ်ဆိုင်း သွားခဲ့ ရတယ်။ အစိုးရတပ်ဖွဲ့ဘက်က နယ်မြေ ကျွမ်းကျင်းမှုမရှိလို့ ပြန်ဆုတ်ခွာပေးလိုက်ရတာပါ။ ၇ နာရီကြာ ခုခံတိုက်ခိုက်ရတဲ့ ကျနော်တို့တပ် ဖွဲ့ တွေတော်တော် ပင်ပန်း သွားတယ်။ အဲဒါကြောင့် မနေ့ ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ရတယ်။” ဟု ဆိုသည်။

ကချင် KIA ၏ အခြား တပ်မဟာများဖြစ်ကြသော တပ်မဟာ (၂)၊ တပ်မဟာ (၃) နှင့် လိုင်ဇာဗဟိုဌာနချုပ် ဖြစ်သော တပ်မဟာ (၅) ဒေသ တို့၌ဇွန်လ ကုန်ပိုင်းတွင် နှစ်ဖက် တွေ့ဆုံပွဲကျင်းပပြီးနောက် တိုက်ပွဲ ဖြစ် ပွားမှု နည်းပါးလာသော်လည်းရှမ်းမြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဘက်တွင် နေစဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဆိုသည်။

သို့သော် ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာသောမတ်စ် အို ဟေး ကင်တားနားသည် ယမန်နေ့မှစတင်၍ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့သို့ရောက်ရှိ လာခဲ့ပြီးနောက် အစိုးရ ဘက်မှစစ်ရေး လှုပ်ရှား မှုများ မတွေ့ရှိ ရကြောင်း ဆိုပါသည်။

“တိုက်ပွဲ အမြဲဖြစ်တတ်တဲ့ ရှမ်းမြောက်ရှိ ကျနော်တို့ တပ်မဟာ (၄) ဒေသမှာ အစိုးရတပ်ဖွဲ့တွေ စစ်ရေး လှုပ်ရှားမှုတွေသိပ်မတွေ့ ရတော့ဘူး။ ကင်တားနား ပြန်သွားရင် ဘာတွေ ဆက်ဖြစ်လာမှာလဲ စောင့်ကြည့် ရမှာဖြစ်တယ်ဗျာ” ဟု KIA တပ်မဟာ (၄) မှအရာရှိ တစ်ဦးက ဆိုပါသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ပြီးခဲ့ သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် ကချင် ပြည်နယ်သို့ သွားရောက်ကာ (၁၅) ရက်နေ့၌ ရန်ကုန်သို့ ပြန်လာ ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် (၂) ရက် အကြာ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ၏ လိုင်ဇာ ဌာနချုပ် စခန်းသို့ သွားရောက်မည့် အစီအစဉ်ကိုမူ အစိုး ရမှ ခွင့်မပြုသဖြင့် ဖျက်သိမ်း ခဲ့ရ ပါသည်။ KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲများသည် ယနေ့အထိရှိနေဆဲပင် ဖြစ်ပါ သည်။
KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန် လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။

Ref..ရွှေဟင်္သာသတင်းဌာန

0 comments:

Post a Comment