Pages

Wednesday, August 14, 2013

ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ

 
  ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ် စားသောက်တတ် သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ်ဆက်စပ်မှုရှိနေသည့် ပါကူငါးများ ကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြ

ဆွီဒင်နိုင်ငံရှိ ရေလက်ကြား ဒေသတစ်ခုတွင် အမျိုးသားများအတွက် အထူးအန္တရာယ်များသည့် ငါးမျိုးစိတ် တစ်ခုကြောင့် ရေဆင်းကူးမှုမျိုး မပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ ပါကူ ငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြသည်။ ၎င်းတို့တွင် လူ့သွားနှင့် ပုံသဏ္ဍန်ဆင်ပြီး ထက်မြက်အားကောင်းသော သွားများရှိပြီး ပင်ကိုယ် သဘာဝအရပင် လူများ၊ တိရစ္ဆာန် အထီးများ၏ ဝှေးစေ့ကို ဦးတည်ကိုက်ဖြတ် စားသောက်ရန် နှစ်ခြိုက်လေ့ ရှိကြသည်။

ဆွီဒင်တောင်ပိုင်း ကမ်းခြေဒေသရှိ ရေလက်ကြားတွင် (၂၁) စင်တီမီတာ အရှည်ရှိသော ပါကူငါး တစ် ကောင်ကို တံငါသည် တစ်ဦးက စတင်ဖမ်းမိခဲ့သည်။ ပါပူအာ နယူးဂီနီတွင် ဘောဖြတ်ငါးဟု နာမည် တွင် သော ပါကူငါးများသည် အဆိုပါ ရေလက်ကြားထဲတွင် မည်၍မည်မျှထိ ပျံ့နှံ့ ရောက်ရှိနေသည်ကို မိမိ တို့ မသိရသေးကြောင်း ဒိန်းမတ်ရှိ သဘာဝ သမိုင်းပြတိုက်မှ ပညာရှင်များက သတိပေးခဲ့သည်။ ပါပူအာ တွင် ယခုနှစ်အတွင်း အဆိုပါ ငါးများ၏ ကိုက်ဖြတ်မှုကြောင့် အမျိုးသားနှစ်ဦး သွေးလွန်သေဆုံးခဲ့သည်။

ရေချိုတွင် နေထိုင်သော ငါးမျိုးစိတ် တစ်ခုဖြစ်သူ ပါကူငါးတို့သည် အကြီးဆုံး စင်တီမီတာ (၉၀)မျှထိ တွေ့ရှိရတတ်သည်။ အကြီးဆုံး ပါကူငါး တစ်ကောင်သည် (၂၅)ကီလိုမီတာထိ အလေးချိန် ရှိတတ် ကြောင်း လည်းသိရသည်။ သဘာဝအားဖြင့် ပါကူငါးတို့သည် သစ်စေ့များ၊ သစ်ရွက်များ၊ ရေတွင် ပေါက် ရောက် သည့် အပင်များနှင့် ခရုများကို စားသောက်လေ့ရှိသော်လည်း လူသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ် ဝါးမြို တတ်သည့် အကျင့်ဆိုးကြောင့်လည်း နာမည်ကြီးသည်။ တာဝန်ရှိသူများက ဆွီဒင်ရှိ အခြားမြစ်ချောင်း အင်းအိုင်များတွင်လည်း ယင်းငါးများ ကျက်စားနေမည်ကို မိမိတို့ စိုးရိမ်ကြောင်း ဝန်ခံထားသည်။

ရေလက်ကြားမှာ ခုရက်ပိုင်းတွေ ရေကူးမယ်ဆိုရင် ကိုယ်လုံးတီး ရေကူးတာမျိုးကို လုံးဝ ရှောင်သင့်ပါတယ်။အဲဒီမှာ နောက်ထပ် ပါကူငါးတွေ ရှိနေနိုင်တယ်။ သဘာဝအတိုင်းတော့ သူတို့ဟာ လူတွေအတွက် ဒုက္ခ ပေးတဲ့ မျိုးစိတ် မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကိုက်တာက အားပြင်းတယ်။ ပါပူအာ နယူးဂီနီနဲ့ တချိုနိုင်ငံတွေ မှာ သူတို့ကိုက်လို့ ဝှေးစေ့ ပြတ်ထွက်သွားဖူးတဲ့ အမျိုးသားတွေ ရှိခဲ့ဖူးတယ်ဟု ဒိန်းမတ် သဘာဝ သမိုင်း ပြ တိုက်မှ ငါးမျိုးစိတ် ကျွမ်းကျင်သူ ဟင်းနရစ်ခ်ကားလ်က ဆွီဒင်ထုတ် The Local သတင်းစာသို့ ပြောကြား ခဲ့သည်။

ကားလ်က ဆွီဒင်ရှိ သဘာဝ မြစ်ချောင်းများတွင် ပါကူငါးများ ရှိကောင်း ရှိနေနိုင်သည်ဟုလည်း သတိပေး ခဲ့သည်။ သူတို့က ပရန်းညားတွေနဲ့ ဆင်တယ်။ ရုတ်တရက်ဆိုရင် ခွဲရခက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သွား တွေက ပရန်းညားတွေနဲ့ မတူဘူး။ ပိုပြားပြီး ပိုသန်တယ်။ ကိုက်အားက တော်တော်ပြင်းတယ်ဟု ၎င်းက ဆို သည်။ လက်ရှိ အချိန်ထိ ဥရောပတိုက်တွင် ပါကူငါး တိုက်ခိုက်မှုမျိုး မဖြစ်ပေါ်ဖူးသေးချေ။ မည်သို့ပင်ဖြစ်စေ သတိထားသင့်ကြောင်း ကားလ်က နှိုးဆော်ခဲ့သည်။ မထင်မှတ်ဘဲ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လေ။ တစ်ခါတစ်လေ ကိစ္စတစ်ခုက ပထမဆုံး ဖြစ်လာပြီးရင် နောက်ဆုံး မဟုတ်နိုင်တော့တာကို မမေ့သင့်ဘူး ဟုလည်း ကားလ်က ပြောကြားသွားသည်။

Ref...Planet.com.mm

0 comments:

Post a Comment