Pages

Tuesday, August 13, 2013

အမျိုးသားတိုင်းပြည်၏ ပြည်စောင့်ခွေး” စာအုပ်မိတ်ဆက်ပွဲနှင့်အတူ ကဗျာရွတ်ဆိုကြ




တေးရေးနိုင်မြန်မာကိုယ်တိုင်ရေးသားထားသည့် ကဗျာ ၂၅ ပုဒ်ပါဝင်သည့် “တို့အမျိုးသားတိုင်းပြည်၏ ပြည်စောင့်ခွေး” စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကို သြဂုတ် ၁၁ ရက်က ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ Eucalypt Bar and Restaurant တွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပခဲ့သည်။

၎င်းကဗျာစာအုပ်နှင့်ပတ်သက်ပြီး တေးရေးနိုင်မြန်မာက “ကျွန်တော် ဒီကဗျာရေးထားတာ ဘယ်နှစ်ခုနှစ် က တည်းက လည်းလို့ ပြောလို့မရဘူး။ ၈၈ အရေးအခင်းဖြစ်ကတည်းက ရေးထားတာတွေပါတယ်။ ဒီကဗျာထဲ မှာပါတဲ့ စာသားတွေက အရေးအခင်းနဲ့ထပ်တူထပ်မျှ ပါတဲ့ကဗျာတွေပါ။ မှန်တစ်ချပ်ကို ကြည့်လိုက်ဒီ ဘက် ကလူက ပြုံးပြမှမှန်ထဲကလူက ပြုံးပြမယ်။ ဒီဘက်ကလူကမဲ့ပြတာကို မှန်ထဲကလူကမပြုံးပြဘူး။ ဒီအတိုင်းပဲ ၈၈ အရေးအခင်းမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်အတိုင်းပဲ ဒီကဗျာမှာ ဖော်ပြထားပါတယ်။ ပိုလည်း မပိုဘူး၊ လိုလည်းမလိုပါဘူး။ နောက်ပြီး ကျွန်တော်က သင်တန်းတွေတက်ပြီးတော့ နိုင်ငံကိုချစ်တာ မဟုတ်ဘူး။ ရင် ဘတ်ထဲကနေကို ကိုယ့်မြန်မာနိုင်ငံကိုချစ်တာပါ” ဟုပြောသည်။

အဆိုပါကဗျာရွတ်ဆိုပွဲတွင် သူရဇ္ဇသိင်္ဃ၊ မြမြင့်မိုရ်၊ မှိုင်းဝေ၊ ဗနွန်၊ နေထက်နိုင်၊ သော်ဇင်အုန်း၊ ကျော်ဦးကို နှင့် လင်းသဏ်ညီစသည့် ကဗျာဆရာများက သူတို့ကိုယ်ပိုင်ကဗျာများနှင့် တေးရေးနိုင်မြန်မာ၏ ကဗျာများ ကို ရွတ်ဆိုခဲ့ကြသည်။ ယင်းအခမ်းအနားသို့ ကိုမိုးသီးဇွန် တက်ရောက်ခဲ့ပြီး Zero colour အဖွဲ့မှ တက် ရောက် လာသည့်ပရိသတ်များကို တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

Ref...mizzima

0 comments:

Post a Comment