သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA
ခေါင်းဆောင် ဒု-ဗိုလ်ချုပ် ကြီး ယွက်စစ်က တိုက်ပွဲများထပ်မံမဖြစ်ပွားအောင်
မိမိတပ်ဖွဲ့အားလုံးကို မိမိနှင့်အနီးစပ်ဆုံးရှိသည့် မြန်မာ တပ်ဖွဲ့များထံ
တိုက်ရိုက်ဆက်သွယ်ရန် ညွှန်ကြားသွားကြောင်း သိရပါသည်။
“အရင်တုန်းက
မြန်မာတပ်ဖွဲ့တွေက တောနယ်ထဲ လှုပ်ရှားမယ်ဆိုရင် RCSS/SSA ရဲ့
ဆက်ဆံရေးရုံး တွေကို အကြောင်းကြားပေးဖို့ဆို ဒါတိုင်းစစ်ဌာနချုပ်အလုပ်လို့ ယူဆတယ်ပေါ့။ ဒါပေမဲ့ သူတို့က
အကြောင်း ကြားလေ့မရှိတော့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ရတယ်။ နှစ်ဖက်စလုံး
ပျက်စီးဆုံးရှုံးရတယ်” လို့ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က
သျှမ်းသံတော်ဆင့်အား ပြောပါသည်။
မြန်မာစစ်တပ်ဘက်မှအဆိုအရ
အထက်အမိန့်ကြောင့် လှုပ်ရှားရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်
တိုက်ပွဲ ဖြစ်ချင်သည့် ဆန္ဒမရှိကြောင်း၊ ထို့ကြောင့် မိမိတို့
လှုပ်ရှားမည်ဆိုပါက သျှမ်းတပ်ဖွဲ့များထံ အကြောင်းကြား လာမည်ဟု
တုန့်ပြန်လာကြောင်း၊ ထိုတုန့်ပြန်ချက်အပေါ် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က
ကျေနပ်အားရ ကြောင်း ဆိုပါသည်။
“ကျနော်တို့ တပ်ဆုတ်ပေးဖို့
အစီအစဉ်မရှိပါဘူး။ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့အထိ RCSS/SSA လှုပ်ရှားခဲ့ တဲ့
နယ်မြေမှာဘဲ ဆက်လက်လှုပ်ရှားသွားမယ်။ ဒီနေရာမှာ အပေးအယူ ရှိတယ်။
မြန်မာစစ်တပ်ဘက် ကလည်း ဆုတ်ပေးတယ် ဆိုယင်ကိုယ်ကလဲ ဆုတ်ပေးရမှာပေါ့” ဟု
ပြောပါသည်။
အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန်
နှစ်ဖက်သဘောတူထားသော်လည်း ယနေ့ထိ အကောင် အ ထည်မဖော်နိုင်သေးသည့်အတွက်
အစိုးရနှင့် လာမည့်ဆွေးနွေးပွဲ၌ အဆိုပါကိစ္စကို ခေါင်းစဉ်တခု အဖြစ် ထားရှိကာ
ဆွေးနွေးသွားမည်ဟု ဆိုပါသည်။ အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင် တပ်ဖွဲ့တို့ ယခုနှစ် ၂၀၁၃ မကုန်ခင် နှစ်ဖက် နိုင်ငံရေးဆွေး
နွေးရန် အကြမ်းဖျဉ်း သဘောတူညီမှု ရထားသည်ဟုလည်း သိရပါ သည်။
Ref...L Kachin
0 comments:
Post a Comment