ကျွန်တော် တို့ နိုင်ငံမှာ လေယာဉ်ပျံတွေ ပိုင်တဲ့သူတွေရှိတယ်
ကျွန်တော် တို့ နိုင်ငံမှာ လေယာဉ်ပျံမစီးနိုင်တဲ့ သူတွေလည်းရှိတယ်
ကျွန်တော် တို့နိုင်ငံမှာ ရွှေကို တန်ချိန်နဲ့ ပိုင်တဲ့သူတွေရှိတယ်
ကျွန်တော် တို့နိုင်ငံမှာ ရွှေကို မကိုင်ဘူးတဲ့သူတွေလည်းရှိတယ်
ကျွန်တော် တို့နိုင်ငံမှာ ကမ္ဘာ့ဈေးကြီးဆုံးစာရင်းဝင် ခြံတွေပိုင်တဲ့သူတွေရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ နေစရာကိုယ်ပိုင်မြေမရှိတဲ့သူတွေလည်းရှိတယ်
ကျွန်တော်တို့နိုင်ငံ မှာဆန်စပါးတွေ အလျှံအပယ်ရှိတယ်
ကျွန်တော်တို့နိုင်ငံ မှာဆန်ကြမ်းတစ်ပြည်တောင်ဝယ်မစားနိုင်တဲ့သူတွေလည်းရှိတယ်
ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာ့အကောင်းဆုံးကားတွေပိုင်တဲ့သူတွေရှိတယ်
ကျွန်တော်တို့နိုင်ငံမှာ အဲဒီကားတွေရဲ့ မူလီတောင် မ၀ယ်နိုင်တဲ့သူတွေလည်းရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာကျော် တက္ကသိုလ်တွေမှာတက်နိုင်တဲ့သူတွေရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ ကျောင်းဆက်မတက်နိုင်လို့ စားပွဲထိုးနေရတဲ့ ကလေးတွေလည်းရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာသဘာဝ ဓာတ်ငွေ့ တွေရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ ဖရောင်းတိုင်တောင် နေ့စဉ်ဝယ်မထွန်းနိုင်တဲ့သူတွေလည်းရှိတယ်
ကျွန်တော်တို့နိုင်ငံမှာ လူတွေရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ တရိစ္ဆာန်တွေလည်းရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ သူတော်ကောင်းတွေရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ သွေးစုပ်ဖုတ်ကောင်တွေလည်းရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ လူကောင်းတွေရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ ဘ၀င်ရူးတွေလည်းရှိတယ်
ကျွန်တော်တို့ နိုင်ငံမှာ အလုပ်နဲ့သက်သေပြခဲ့ တဲ့ သူရှိတယ်(ဗိုလ်ချူပ်)
ကျွန်တော်တို့ နိုင်ငံမှာ ရယ်စရာတွေ ပြောတတ်တဲ့ အမတ် နဲ့ ၀န်ကြီးတစ်ချို့ လည်းရှိတယ်
ကျွန်တော် တို့ နိုင်ငံ မှာ တရားစခန်းရှိတယ် ၊ KTV ရှိတယ် ၊ ဘီယာ ဆိုင်ရှိတယ် ၊ ဂျိမ်းစဘွန်း လို လူတွေရှိတယ် ၊ သူတောင်းစားရှိတယ် ၊ ပြည့်တန်ဆာရှိတယ် ၊ ကွန်ဒုံးရှိတယ် ၊ HIV ရှိတယ် ၊ ဗိုက်ကား နေတဲ့ သူတွေ ရှိတယ် ၊ မရှက်တတ်တဲ့ သူတွေရှိတယ် ၊ ပုပ်စော် နံ တဲ့ သူတွေရှိတယ် ၊ ဘိန်းဘုရင် ရှိတယ် ၊ ခွေးဝဲစား ရှိတယ်၊ကျီးကန်းရှိတယ် ၊ ပိုက်ဆံလုပ် စက်ရှိတယ်...
အကုန်ရှိတယ် ....... အဲ ဂျိုးဖြူ ငှက်တော့ မရှိရှာဘူး
Ref: MrMaung KoThe
Monday, August 12, 2013
အကုန်ရှိတဲ့ မြန်မာနိုင်ငံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment