မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်အတွင်းရှိ ဦးပိန်တံတားပေါ်တွင် နိုင်ငံခြားသားခရီးသွား ဧည့် သည်များနှင့် ပြည်တွင်းမှ လာရောက်အနားယူသူများကို စိတ်အနှောင့်အယှက်ဖြစ်စေ ရန်ပြုမူပြောဆို နေသူနှစ်ဦးအား တာဝန်ရှိသူများက ယခုလ ၂၃ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့ရကြောင်းသိရသည်။
"အခုလို အရေးယူဆောင်ရွက်ရတာ ပထမဦးဆုံးအကြိမ်ပါပဲ။ ဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ် အောင် ပြုမူပြောဆိုနေတဲ့အတွက် ထိန်းသိမ်းပြီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲပြောင်းပေးသွားမှာပါ။ ဧပြီလ ၁ ရက် နေ့ကတည်းက တာဝန်ကျပြီး နိုင်ငံခြားဧည့်သည်တွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးနေတာ ပါ" ဟု ဦးပိန် တံတားတွင် နိုင်ငံခြားသားဧည့်သည် များစောင့်ရှောက်ရန် တာဝန်ကျသူ ရဲတပ်ကြပ်ကြီး ထူး ထူးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ဦးပိန်တံတားတွင် နိုင်ငံခြားသားဧည်သည်များ စောင့်ရှောက်ရေးအတွက် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်ခုနှစ်ဦး ထိ ထားရှိပြီး နေ့စဉ် နံနက်ပိုင်းမှ ညပိုင်းအထိ တာဝန်ယူထားရကြောင်း သိရ သည်။
"ကျွန်တော်တို့က အေးအေးဆေး ဆေးပဲ လာအနားယူကြတာပါ။ ဘေးနားလေးကနေ ကပ်ပြီးတော့ ဘာ တွေပြောနေလဲမသိဘူး။ အင်္ဂလိပ်လိုတွေ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော လျှောက်ပြောနေတာ။ နောက်က နေလိုက်ပြီးတော့လည်း နှောင့်ယှက်တယ်။ အနီးနားက တာဝန်ကျရဲတွေ ကို အကြောင်းကြားပြီး ပြောလိုက်လို့ အခုလို အရေးယူ ဆောင်ရွက်သွားတာ ပါ"ဟု ဦးပိန်တံတားပေါ်တွင် စိတ် အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်ခံရသူ ၁၉ နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးကပြောသည်။
မန္တလေးမြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်များသည် ဦးပိန်တံတားသို့ မဖြစ်မနေလာ ရောက် အနားယူကြပြီး နေ၀င်ဆည်းဆာ အလှ များကို ဓာတ်ပုံရိုက်ရန်လည်း အပါအ၀င်ဖြစ်သည်။ ယခုကဲ့ သို့ ၀ါဆို၊ ၀ါခေါင်လများတွင် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းမှာ ရေများ တိုးလာသည့်အတွက် ပြည်တွင်းဧည့် သည်များပင် လာရောက် အပန်းဖြေအနားယူကြသည့်အတွက်အထူးပင် စည်ကားလျက် ရှိသည်။
Credit...စည်သူလွင် (မြန်မာတိုင်းမ်)
0 comments:
Post a Comment