Pages

Thursday, August 15, 2013

ဗန်းမော် တက္ကသိုလ်ဘေးတွင် မူးယစ်ဆေးဝါးများ ဈေးတန်းခင်းရောင်းချနေ


 
 
ကချင် ပြည်နယ် ဗန်းမော်မြို့ ဗန်းမော် တက္ကသိုလ်ဘေးလမ်းတွင် မူးယစ် ဆေးဝါးရောင်းချမှုသည် ဈေးတန်း ပုံစံဖြစ်နေပြီး သက်ဆိုင်ရာတာဝန် ရှိသူများကလျစ်လျူရှုထားကြောင်း ကချင်ပြည်နယ်၊ မိုးမောက် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ် ဦးဇော်ထွန်းက ယနေ့ ကျင်းပသည့် လွှတ်တော်အစည်း အဝေးတွင် တင်ပြလိုက်သည်။

''ဖမ်းမယ်ဆိုတာနဲ့ အဆက် အသွယ်လုပ်ထားကြတယ်။ ဘာ ဖြစ်လို့လဲဆိုရင် လိုင်းကြီးသမား တွေက လစဉ်ကြေးပေးထားတာ'' ဟု ယင်းကိုယ်စားလှယ်က တင်ပြ ခဲ့သည်။ ယခုပြောကြားမှုကို အထက် ပါကိုယ်စားလှယ်က ပြည်သူ့လွှတ် တော်တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မ တီက ပြည်ထောင်စုလွှတ်တော် ကိုတင်သွင်းခဲ့သည့် အစီရင်ခံစာ ''မူးယစ် ဆေးဝါးရောင်းချသူများ ကိုသက်ဆိုင်ရာတာဝန်ရှိသူများ က မျက်ကွယ်ပြုထားတယ်''ဆို သောအချ က်ကို ပြည်သူ့လွှတ် တော်တွင် ထောက်ခံဆွေးနွေး ရာတွင် ကချင်ပြည်နယ် ဗန်းမော် ခရိုင်အတွင်း တရားဥပဒေစိုးမိုး မှုနိမ့်ကျနေမှုများကိုတင်ပြရာတွင် ယခု မူး ယစ်ဆေးဝါးပြဿနာကြီး ထွားမှုအကြောင်းကို ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌကို တင်ပြ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

''တစ်ရက်ကို သုံးစွဲသူရော ရောင်းဝယ်သူရော လူဦးရေ၅၀၀ နဲ့ ၆ဝဝကြား ရောင်းဝယ်နေပါ တယ်''ဟု အဆိုပါကိုယ်စားလှယ် က ယ နေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။ ''အခုဒေသခံတွေက အဲဒီလမ်းကို ဖြတ်သွားဖို့ ကြောက် နေပြီ။ လူသတ်ဖို့အဆင့်တွေတောင် ဖြစ်လာနေပြီ''ဟု လွှတ်တော်ကို ဆက်လက်တင်ပြလိုက်သည်။ အဆိုပါ ဗန်းမော်ခရိုင်အ တွင်း ဝန်ထမ်းများ၏ အကျင့်ပျက် ခြစားမှုများသည် ဆိုးရွားစွာဖြစ် ပေါ်နေကြောင်း၊ ငွေကြေး မရပါ က မည်သည့်ဆောင်ရွက်မှုမျှ မပြု လုပ်သည့်အခြေအနေများ ကိုရောက်ရှိနေကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၏ပြော ကြားမှုများအရ သိရသည်။

''ကျွန်တော်လဲ ပွင့်ပွင့်လင်း လင်းပဲပြောတတ်တယ်။ အချို့ ဝန်ထမ်းတွေဆိုရင် ငွေမရရင် ဘာမှမလုပ်ချင်ဘူး။ ပြည်သူ့လ စာလဲ စား သေးတယ်။ ကြားပေါက် ငွေရမှ အလုပ်လုပ်ချင်တယ်ဆိုတာ ဘာဖြစ်နေကြတာလဲ''ဟု ပြည်သူ့ လွှတ်တော်တွင် မေးခွန်းထုတ် လိုက် သည်။ အဆိုပါကိုယ်စားလှယ်ကနိုင်ငံတွင်းရှိ တရားမဝင်အရေး ကိစ္စမှန်သမျှသည် အုပ်ချုပ်ရေးပိုင်းမှ မပါဝင်ပါက ဘာမျှဝင် ရောက် မလာနိုင်ကြောင်း၊ အုပ် ချုပ်ရေးပိုင်း၏ အကျင့်ပျက်ခြ စားမှုများရှိနေသည့်အပေါ်တွင် ထောက်ပြ လိုက်သည်ကိုလည်း တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းမှုကော်မတီက ပြည် ထောင်စုလွှတ်တော်ကို တင်သွင်း ခဲ့သည့်အစီရင်ခံစာတွင် ''ပြည် သူ့ရဲများအနေဖြင့်လူသတ်၊ ဖောက်ထွင်းမှုများကို မှန်ကန် စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံ ကိုတိတိကျကျမဖော်ထုတ်နိုင် ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ များကို အဓိကဖမ်းဆီးပြီး ရောင်း ချ သူများကိုမျက်ကွယ်ပြုထား ခြင်း၊ မူးယစ်ဆေးဝါးပြဿနာ များကြီးထွားနေသော်လည်း ဖမ်း ဆီးတရား စွဲဆိုခြင်းများ နည်းပါး နေကြောင်း''ဟု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

Ref....Yangon Media Group

0 comments:

Post a Comment