Pages

Tuesday, August 6, 2013

ဘာဘွန်းမျောက်ကြီးများကြောင့် သတ္တဗေဒပညာရှင်များ ဦးနှောက်ခြောက်ရ



 နယ်သာလန်တိရစ္ဆာန်ဥယျာဉ်မှ ဘာဘွန်းမျောက်ကြီးများ၏ ထူးဆန်းသောအပြုအမူကြောင့် သတ္တဗေဒပညာရှင်များကို စိတ်ရှုပ် ထွေးစေခဲ့ကြောင်း သိရသည်။မျောက်ကြီးများ၏ အပြုအမူမှာ တစ်ခုခုကိုကြောက်လန့်နေသကဲ့သို့ သတ္တဗေဒပညာရှင်များကိုပင် ခေါင်းစားစေခဲ့သည် ဟု ဆိုသည်။
''လွန်ခဲ့တဲ့ရက်ကစပြီး သူတို့ အထိတ်တလန့်လန့်ဖြစ်ပြီး ဆောက် တည်ရာမရဖြစ်နေခဲ့တာ၊ ခါတိုင်းလို ခုန်ပေါက်တာမျိုးလဲ မလုပ် တော့ဘဲ ထူးဆန်းတဲ့အပြုအမူ မျိုးကိုပြုမူနေခဲ့တယ်''ဟု နယ်သာ လန်မြောက်ပိုင်း အမ်မင်ဒီရာရီ တိရစ္ဆာန်ဥယျာဉ်မှ သတ္တဗေဒပ ညာရှင် ဝစ်ခ်ျဘရင်းလန့်မင်းက ပြောကြား ခဲ့သည်။

ဘာဘွန်မျောက်ကြီးများမှာ သစ်ပင်ပေါ်မှာ သို့မဟုတ် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ရင်း နေရာမှရွှေ့လည်းမရွှေ့ အစားလည်း မ စားဘဲ နေနေကြသည် ဟုဆိုသည်။မျောက်ကြီးများမှာ တိရစ္ဆာန်ဥယျာဉ်သို့ အလည်လာရောက် သူများကို လှည့်၍ပင်မကြည့်ဘဲ ကျောခိုင်းကာ ထိုင်နေကြသည်ဟုဆိုသည်။ ဘာဘွန်းမျောက်များမှာ အနှစ်၂ဝအတွင်း ထိုကဲ့သို့ ပြုမူ သည်မှာ စတုတ္ထ အကြိမ်မြောက် ဖြစ်သည်ဟု သတ္တဗေဒပညာရှင်က ပြောကြားခဲ့သည်။ ဘာဘွန်း မျောက်များ ယခုကဲ့သို့ သောက ရောက်စေသည် မှာ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို တွေးဆ၍မရကြောင်း၊ မျောက်များနှင့်ပတ်သက်သည့် တွေးခေါ်ယူဆမှု အများအပြား ကို ကြားဖူးသော် လည်း ယခုအဖြစ်အပျက်မှာမူ သူ့အတွက်လက်မှိုင်ချရသည့် ဖြစ်ရပ်မျိုးဖြစ်ကြောင်း လန့်မင်းကပြောကြားခဲ့သည်။

ဘာဘွန်းမျောက်များ၏ အဖြစ်နှင့်ပတ်သက်၍ မှန်းဆ၍ ရသည်မှာ သားရဲတစ်ကောင်ကို တွေ့မြင်လိုက်ရ၍ ဒါမှမဟုတ် တိရစ္ဆာန် ဥယျာဉ်သို့ အလည်လာ သူတစ်ဦး၏ တီရှပ်ပေါ်မှ ပုံရိပ်တစ်ခုကြောင့် ဒါမှမဟုတ် မြေငလျင်လှုပ်သည်ကိုခံစားမိ၍ သို့ မဟုတ် သဘာဝကပ်ဘေးတစ်ခု ၏အလားအလာကို ခံစားမိ၍ဖြစ်နိုင်ကြောင်း၊ ထို့ထက်ပို၍ အရူးသွပ်ဆုံးယူဆမှုမှာ ပန်းကန်ပြားပျံတစ်စင်း ကြောင့် ဖြစ်ဖွယ်ရှိကြောင်း လန့်မင်းကပြောကြားခဲ့သည်။

Ref...Yangon Media Group

0 comments:

Post a Comment