Pages

Saturday, August 24, 2013

UN ၏ လူ့အခွင့်အရေး သံတမန် ချင်းပြည်နယ် ဆင်းရဲနွမ်းပါးမှု အခြေအနေ အပေါ်တုန်လှုပ်ခဲ့


 
 
 ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် UN ၏ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်ဖြစ်သူသောမတ်စ် အိုယေး ကင်တားနား (Tomás Ojea Quintana)သည် မြန်မာပြည်၏ သီးခြား ဒေသတစ်ခုကဲ့သို့ ဖြစ်နေသော ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး၊ သူသည် ချင်းပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့် ဆင်းရဲနွမ်းပါးမှုများကို မြင်တွေ့ခဲ့ရသဖြင့် များစွာတုန်လှုပ်ခဲ့ရသည်။

ချင်းပြည်နယ်သည် နှစ်ပေါင်းများစွာ ဗဟိုအစိုးရ၏ ပစ်ပယ်ခြင်းကို ခံစားခဲ့ရကြောင်း ယမန်နေ့ ထုတ်ပြန် ချက်တွင် မစ္စတာ ကင်တားနားက ပြောကြားခဲ့သည်။

“ တံခါးဖွင့်ဝါဒနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုက ဖြစ်လာရပါမယ်။ သို့ပေမယ့် ဒီလုပ်ငန်းစဉ်ဟာ အတူတစ်ကွ အားလုံးပါဝင်နိုင်ဖို့၊ ပွင့်လင်းမြင်သာဖို့၊ တာဝန်ယူတတ်ဖို့၊ ညီတူမျှတူပေးအပ်ဖို့တော့ အလွန်အရေးကြီး ပါတယ်။ ဖွံဖြိုးရေးလုပ်ငန်းစဉ် နဲ့ သယံဇာတဆိုင်ရာ အကျိုးအမြတ်များကို ချင်းပြည်နယ်က လူ့အဖွဲ့ အ စည်းတွေအပေါ်မှာလည်း ခံစားခွင့်ပေးသင့်ပါတယ် ” ” ဟု UN မှ တာဝန်ရှိသူက ချင်းပြည်နယ်မှ ပြန်လာ ပြီးသည် နှင့် ပြောကြားသွားခဲ့သည်။
 
Ref...M-Media

0 comments:

Post a Comment