အိန္ဒြာကျော်ဇင်က အစ်မဖြစ်သူ ဒီဇိုင်နာ အိကျော် ဇင်၊ တူမလေးတွေ နဲ့အတူ ဇူလိုင်လ ၃၁ ရက် နေ့က ကျန်းမာရေး စစ်ဆေးဖို့ အ တွက် ဘန်ကောက်ကို သွားခဲ့ပြီး သြဂုတ် ၂ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့ပါ တယ်။ ဘန်ကောက်က Bumrungrad ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်က ကျန်းမာရေးစစ်ဆေးမှုနဲ့ ပတ်သက်ပြီး.....
"ခါးနောက်ပိုင်းကနည်းနည်းနာနေတာ ၃ လကျော်ကျော်လောက်ရှိပြီ။ အဲဒါကိုစစ်ကြည့်လိုက်တော့ ကျောက်ဖြစ်နေတယ်။ ကျောက် တည်တာပေါ့နော်။ ဒီတစ်ပတ်အတွင်းမှာ ပဲ အဲဒီဆေးရုံ မှာ ထပ်သွားကုပြီး ကျောက်ထုတ်ရမှာပေါ့။ အသံလှိုင်း နဲ့ ကျောက်ခြေ တဲ့နည်း ကတော့ နောက်ဆုံးပေါ်လို့ပြော တယ်။ လူကိုလည်း ဘာမှမထိခိုက် ဘူး။ နာလည်းမနာဘူး။ ဘာမှမခံစားရဘူး။ လုပ်ရင် လည်း အချိန်ပိုင်းလောက်ပဲ ကြာမယ်လို့ပြောတယ်။ ကျောက်က သိပ်အကြီးကြီးတော့ မဟုတ်သေးပါဘူး။ ထုတ်လိုက်တာကောင်း တာပေါ့။ ကျောက်ကပ်ရဲ့အောက်ပိုင်း ဆီးလမ်းကြောင်းမှာဖြစ်နေတော့ ဆရာဝန်က ထုတ်ခိုင်းလိုက်တာပါ။ ကျောက်သွား ထုတ်မယ် ဆိုရင်တော့ ဆရာဝန်က ၄၊ ၅ရက်လောက် နေရမယ်လို့ပြောတယ်။ ဆေးရုံမှာနေစရာတော့မလိုဘူး။ အသံလှိုင်းနဲ့ကုလို့ ရှိရင်တစ်နာ ရီလောက်ပဲကြာတယ်။ တစ်ခါလုပ်ပြီးရင် ဆရာဝန်က ပြန်စစ်မယ်။ ကျောက်ရှိနေသေးရင် နောက်နှစ်ရက်လောက် နေရင် ပြန်ထပ် ချိန်းမယ်။ သွားလုပ်တဲ့အချိန်ကလည်း ခဏလေးပဲ။ ပြီးရင်ဟိုတယ် ပြန်နေပေါ့။ ဆေးရုံတက်နေစရာ တော့မလိုဘူး" လို့ ပြောပါတယ် ။ နောက်တစ်ကြိမ် ဘန်ကောက်ကို ဆေးကုဖို့သွားရင်တော့ တူမလေး တွေမပါတော့ဘဲ အစ်မ ဒီဇိုင်နာအိကျော်ဇင်နဲ့သွား ဖြစ်မယ် လို့ပြောပြီး သမီးလေး ပြေသုဒြာက အိမ်မှာ အဘွား၊ ဖခင်ဖြစ်သူ ပြေတီဦး တို့နဲ့ပဲကျန်ခဲ့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုဆိုရင် သမီး လေး ပြေသုဒြာ ကလည်းဖခင်နဲ့ အတူ တင်းနစ်ကစားကွင်းကို လိုက် သွားတတ်ပြီး တင်းနစ်ကွင်းအကျယ်ကြီးထဲမှာ လျှောက် .ပြေးနေရတာကို ပျော်နေတတ်တယ်လို့ အိန္ဒြာကျော် ဇင်က ပြောပါတယ်။ သြဂုတ် ၁ဝ ရက်နေ့မှာေ တာ့ ကြော်ငြာတစ်ခု ရိုက်ဖို့ရှိပြီး ယိုးဒယားဒါရိုက်တာနဲ့ ရိုက်ကူးရမှာဖြစ်ကြောင်း အိန္ဒြာ ကျော်ဇင်ကပြောပါတယ်။
ခိုင်ဝေလွင်
ခိုင်ဝေလွင်
Ref...Popular Journal
0 comments:
Post a Comment