Pages

Monday, December 2, 2013

မိုးညှင်းမြို့သတင်းမီဒီယာအဖွဲ့နှင့်စာနယ်ဇင်းအဖွဲ့အမည်သုံး၍ ပရိဘောကဆိုင်များမှငွေတောင်းခံမှုများ ရှိနေ


ကချင်ပြည်နယ်မိုးညှင်းမြို့တွင် မိုးညှင်းစာနယ်ဇင်းအဖွဲ့ သတင်းမီဒီယာ အဖွဲ့ဟု အမည်တပ်၍ ပရိဘော ကဆိုင်များမှငွေများတောင်းခံနေသောလူတစ်စုရှိနေကြောင်း ၎င်းဆိုင်များမှသိရသည်။

မိုးညှင်းမြို့နယ်စာနယ်ဇင်းအဖွဲ့နှင့် သတင်းဂျာနယ်လစ်များ၊ အွန်လိုင်းမီဒီယာများသည် သက်ဆိုင်ရာဌာန အသီးသီးနှင့်ပေါင်းစပ်၍ ပွင့်လင်းမြင်သာမှုများ ရှိအောင်ဆောင်ရွက်နေသော် လည်းမည်သည့်ဌာန နှင့်ပြည်သူများထံမှ ငွေတောင်းခံခြင်းမရှိခဲ့ကြောင်းစာနယ်ဇင်းအဖွဲ့နှင့်မီဒီယာများအဖွဲ့မှဖြေရှင်းခဲ့သည်။

“ဘယ်တော့မှပြည်သူထံမှာငွေမကောက်မတောင်းခဲ့ပါဘူး၊စိတ်ကူးထဲတောင်မရှိခဲ့ပါဘူး၊ကျွန်တော်တို့က နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင်အဖြစ်ပေးဆပ်မှုတွေအပြည့်နဲ့ပါ၊ ပြည်သူကောင်းစားရင် ပီတိစားတဲ့သူတွေပါ”ဟု စာပေစာနယ်ဇင်းဥက္ကဌဦးထွန်းရီမှပြောခဲ့သည်။

၂၈.၁၁.၂၀၁၂နေ့တွင်မိုးညှင်းမြို့အရှေ့ဘက် ကမ်းအောင်သပြေ ရပ်ကွက်ပိုင် အရန်မီးသတ်ရုံး ဘေးရှိ ခေတ်လိုက် ပရိဘောကဆိုင်မှစတင်၍ စာနယ်ဇင်းအဖွဲ့နှင့် သတင်းမီဒီယာအဖွဲ့များ ဆီးဂိမ်းသို့ သွားရောက်၍ သတင်းယူရန်ဟုပြောဆိုကာ တစ်ဆိုင်လျှင်ငွေ၁သောင်းကျပ် တောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ယင်းဆိုင်များမှသိရသည်။

မြို့အရှေ့ဘက်ကမ်းပရိဘောက ဆိုင်များအားလုံးကို စာရင်းဖြင့်ကောက်ခံသွားမည်ဖြစ်၍ ဦးဆောင်ပြီး ငွေကောက်ပေးရန်ပြောလာသဖြင့် ကြောက်ကြောက်နှင့် လိုက်လံပို့ဆောင်ပေးခဲ့ရကြောင်း၊ မည်သည့်ဌာန၊ အမည်နာမများ မေးရာပြောဆိုခြင်းမရှိခဲ့ကြောင်း ပရိဘောကဆိုင်ရှင်ဦးအောင်စိုးက ပြောသည်။

“ဆီးဂိမ်းသို့သွားတွင် သတင်းယူမည်ဖြစ်၍ ငွေတစ်သာင်းကျပ်ပေးရမည်ပြောလို့ ငါးထောင်သာ ယူပေးရန်တောင်းပန်ပြီးပေးခဲ့ရပါတယ်၊ ဇော်မင်းသန့်လို့ ပြောပြီးဘယ်ဌာနကဆိုတာမသိခဲ့ရပါဘူး၊ လူနှစ်ယောက်လာပြီး တောင်းတာပါ”ဟုငွေတောင်းခံရသူ မိုးညှင်းအရှေ့ဘက်ကမ်းရှိ ဆိုင်ရှင်တစ်ဦးက
ပြောသည်။

“ဘယ်ဌာနကဆိုတာမေးလို့မရပါဘူး။ ကျော်မင်းသန်းလို့နာမည်တော့ပြောခဲ့တယ၊် ၂၉.၁၁.၂၀၁၂ နေ့နံ နက်ပိုင်းမှာ ငွေလာတောင်းသူက အတင်းသူ့နောက်လိုက်ခိုင်း၍ မိုးညှင်းမြို့အနောက်ဖက်ကမ်း တစ်ခုလုံးကို သူနဲ့အတူ လိုက်ခိုင်းလို့ လိုက်ခဲ့တာပါ”ဟု အနောက်ဖက်ကမ်းဆိုင်ရှင် ဦးထွန်းထွန်း မှပြောခဲ့သည်။

မိုးညှင်းသတင်းမီဒီယာအဖွဲ့၏အမည်ကို ခုတုံးလုပ်၍ငွေတောင်းနေသော လူတစ်စုကို မိုးညှင်းရဲစခန်းသို့ ရှာဖွေပေးရန်တိုင်ကြားခဲ့ရာ အမြန်ရှာဖွေပေးမည်ဟုနယ် ထိန်းတာဝန်ခံမှ ပြောခဲ့သည်။

သီဟအောင်(ကချင်)

The Myanma Age

0 comments:

Post a Comment