၎ ရက်နေ့ ဒီဇင်ဘာလ နေ့လည်ခင်းနှင့် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအဆက်အဖြစ် ယနေ့ ၅ ရက်နေ့ နံနက်စောစော ၀၆း၃၀ နာရီတွင်လည်း မြန်မာတပ်ဖွဲ့များက လက်နက်ကြီး ၂ လုံးပစ်ကာ နမ့်လိတ် တောင်သို့ အပြင်းထိုးစစ်တက်လာသဖြင့် တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအိပ်ပျော်နေမည်ဟု အလစ်အငိုက်ဖမ်းကာ တက်လာသော မြန်မာ တပ်ဖွဲ့တို့သည် တအန်းနှင့်ကချင်တို့ထောင်ထားသည့် ရှေ့ထွက်မိုင်းများ ပေါက်ကွဲကာ မိုးမလင်းသေးမီ အသေအပျောက်အများအပြားနှင့် ဆက်တိုက်ရင်ဆိုင်နေကြရသည်။
ယမန်နေ့ နေ့ခင်း ၁၂း၃၀ ခန့်တွင် နမ့်လိတ်တောင်ကို စတင်ထိုးစစ်ဆင်ရာ အထိနာသဖြင့် ခေတ္တရပ် နားခဲ့ကြသည်။
ထိုနောက် တအန်းနှင့် ကချင်ရှိရာ စခန်းကို ၁၆း၀၀ နာရီခန့်မှစသည့် တိုက်ပွဲမှာ မိုးချုပ် ၁၈း၀၀ နာရီခန့်တွင် ပစ်ခတ်သံများ ပြန်လည်ငြိမ်သက်ခဲ့သည်။ မြန်မာတပ်ဖက်က အထိနာသဖြင့် တောင်ပေါ်သို့ ဆက်မတက်ပဲ နောက်ဆုတ်အနားယူခဲ့သည်။
၎ ရက်နှင့် ၅ ရက်နေ့ ဒီဇင်ဘာလ နမ့်လိတ်တိုက်ပွဲအတွင်း မြန်မာတပ် ၃၀ ခန့် ကျဆုံးပြီး ၂၀ ကျော်ထိ ခိုက်ဒါဏ်ရာ ရရှိမည်ဟု ခန့်မှန်းရပါသည်။ နမ့်လိတ်တောင်၏ ယနေ့အရုဏ်ဦးတိုက်ပွဲမှာ မပြီးသေးပဲ သေနတ်သံ၊ လက်နက်ကြီးသံများ ဆူညံနေဆဲရှိသည်။
ရရှိသည့် တိုက်ပွဲ Update သတင်းများကို ဆက်လက်တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
0 comments:
Post a Comment