ရန်ကုန်မှ ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့သည့် လိုင်ဇာလမ်းလျှောက် အဖွဲ့မှ ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ နှစ်ဦးကိုလှိုင်မြို့နယ် တရားရုံးတွင် မြို့နယ် ၇ မြို့နယ် ဖြတ် လျှောက်မှုအတွက် ထောင် ဒဏ်(၇)လ ယနေ့စီရင်ချက်ချလိုက်ကြောင်းသိရသည်။
မြို့နယ်ခုနှစ်မြို့နယ်မှ ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုထားမှုအပေါ်ဒီဇင်ဘာ(၅)ရက်နေ့နေ့လည့်တွင် လှိုင်မြို့နယ်တရားရုံး၌ စီရင်ချက်ချခဲ့ကြောင်း သိရသည်။ပုဒ်မ(၁၈)ဖြင့် ကျောက်တံတား၊ ပန်းပဲတန်း၊ လမ်းမတော်၊ လသာ၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ်တို့မှ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှု အတွက် လှိုင်မြို့နယ်တရားရုံးမှ တပေါင်းတစည်းထဲ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
0 comments:
Post a Comment