စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်မီးမရရှိသေးသောဒေသများ အတွက် ဆိုလာမီးများအား ကျသင့်ငွေတစ်ဝက်အား တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ကျခံပြီး ကျန်တစ်ဝက်အား ကျေးလက်နေပြည်သူများမှ ကျခံ ပြီး ဆောင်ရွက်ပေးလျှက်ရှိနေရာတွင် ကုမ္ပဏီတစ်ချို့၏
မသမာမှုများ ကြောင့် အာမခံကာလမတိုင်မီပျက်စီးမှုများဖြင့် ကြုံတွေ့ရင် ဆိုင်နေကြရသဖြင့် နောက်ထပ် ထပ်မံချထားပေးမည့် ဆိုလာမီးစနစ်တွင် အာမခံချက်မကောင်းသည့် ကုမ္ပဏီများကြောင့် အခက်အခဲများမတွေ့ကြုံ ချင်တော့ကြောင်း ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးမှ သလ္လာဝတီတိုင်းမ် ကိုပြောကြားခဲ့ပါတယ်။
" တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လျှပ်စစ်မီးမရရှိသေးတဲ့ ဒေသတွေကို အခုလိုမျိုး စေတနာရှေ့ထားပြီး ဆောင်ရွက်ပေးနေတာကို အထူးကျေးဇူး တင်ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ကို ရောင်းချပေးတဲ့ ကုမ္ပဏီတွေက (၁)နှစ် အာမခံဆိုပြီးတော့ ရောင်းချပေးပါတယ် ဒါပေမဲ့ ပစ္စည်းက တစ်ချို့ဆိုရင် (၁)နှစ် မဆိုထားနဲ့ (၁)လနဲ့လည်းပျက်တယ်။တစ်ချို့ဆိုရင် ရက်(၁)ပတ်
တောင်မခံပါဘူးပျက်တော့တာပါဘဲ။
အဲဒီလိုပျက်စီးသွားပြီဆိုရင် အာမခံကာလကလည်းမပြည့်သေးတာတော့ မှန်ပါတယ် ဘယ်ကို သွားပြီးပြင်ရမှာလဲ။ တိုင်းရုံးစိုက်တဲ့ မုံရွာမြို့ကိုသွားပြီးတော့ပြင်ရမှာလား။ မုံရွာနဲ့ နီးပြီး လမ်းပန်ဆက်သွယ်ရေးကောင်းတဲ့ ဒေသ ဆိုရင်တော့ လွယ်ကူတာပေါ့ ။ ဝေးလံခေါင်းပါးတဲ့ ဒေသတွေဆိုရင် ဒီပစ္စည်း ကို သွားပြင်ဘို့ လမ်းစရိတ် စားစရိတ် နဲ့ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာ လဲ။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကလည်း အခုလိုစေတနာတွေရှေ့ထား ပြီးဆောင်ရွက်တဲ့နေရာမှာ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း လုပ်ဆောင် ပေးရကျိုးနပ်အောင် တစ်ကယ့် အရည်အသွေးမှန် ပစ္စည်းမှန် တွေကို တင်သွင်းရောင်းချပေးနိုင်တဲ့ ကုမ္ပဏီတွေကို ရွေးချယ်ပေး
နိုင်ဘို့ လိုအပ်မယ်" လို့ ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုပါတယ်။
" ကျွန်တော်တို့ ပုလဲမြို့နယ်မှာ တိုင်းအစိုးရအဖွဲ့က ဆိုလာမီးတွေကို စီစဉ် ပေးတာ အများကြီးဝမ်းသာပါတယ်။ ဒါပေမဲ့ ဆိုလာမီးတွေက (၁)နှစ် အာမခံလို့သာပြောတယ် (၁)လတောင်မခံဘူးဖြစ်နေတော့ စိတ်ပျက်မိ တယ်။ ကျွန်တော်ထင်တာတစ်ခုတော့ရှိပါတယ် အာမခံမယ်ဆိုပြီး တိုင်းအစိုးရအဖွဲ့ဝင်လူကြီးတွေကို ယုံကြည်အောင်လိမ်ညာပြီး ပြောဆိုကာ သူတို့ကိုပြသတဲ့အချိန်မှာ ပစ္စည်းကောင်းတာလေးတွေ ချပြပြီး နယ်တွေကို ချပေးပြီးဆိုမှ အရည်အသွေးမမှီတဲ့ ပစ္စည်းတွေ ကိုချပေး တာလဲဖြစ်နိုင်ပါ တယ်။
အဲလိုမှမဟုတ်ရင်လဲ လူကြီးတွေက သူတို့နဲ့ ရင်နှီးတဲ့ပုဂ္ဂိုလ်တွေ ကုမ္ပဏီတွေ ကို ချပေးလို့ အခုလိုအဖြစ်တွေနဲ့ရင်ဆိုင်ကြုံတွေရတာလည်း ဖြစ်နိုင်တယ်လို့ " ပုလဲမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုပါတယ်။
အရည်အသွေးမမှီဆိုလာများရောင်းချမှုများနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှ ကုမ္ပဏီတစ်ချို့ကို စစ်ဆေးဆောင် ရွက်လျှက်ရှိနေပြီး နောက်ထပ်ချထားပေးမည့် အစီအစဉ်များအားယခုကဲ့ သို့ အဆင်မပြေမှုများ မကြုံတွေရအောင် စီစဉ်နေလျှက်ရှိကြောင်းလည်း တိုင်းအစိုးရရုံးအဖွဲ့ ၀န်ထမ်းတစ်ဦးထံမှသိရပါသည်။
0 comments:
Post a Comment