Pages

Monday, December 2, 2013

ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် အရေးအသားများ ဖော်ပြနေသည့် သတင်းမီဒီယာများကို အစိုးရက အရေးယူမှုများ ပြုလုပ်မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား


သတင်းဖော် ပြမှုထက် လူ ပုဂ္ဂိုလ်အရေးတိုက် ခိုက်ရေးသားနေသည့် သတင်းမီဒီယာများကို အစိုးရပိုင်းမှ ဝင် ရောက်အရေးယူမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က ပြောသည်။ 

ယင်းအပြင် ပုဂ္ဂိုလ်ရေးတိုက် ခိုက်ရေးသားခံရသူအနေဖြင့် တရား ဥပဒေနှင့် အညီတရား စွဲဆိုမှုများ ပြုလုပ်နိုင်ပြီး ရေးသားသူများအ နေဖြင့်လည်း လူမှုတာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ရေးသားသင့် ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထောက်ပြပြောသည်။ဒီဇင်ဘာ ၁ ရက်က ရန်ကုန် မြို့တော်ခန်းမတွင်ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များပူ ဇော်ပွဲကိုတက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးကို သတင်း ထောက်များက ပြည်တွင်းသတင်း မီဒီယာတခိျု့တွင် ပုဂ္ဂိုလ်ရေးဆန် သည့် ရေးသား ထုတ်ဝေမှုများကို အရေးယူမှုပြုလုပ်မည့် အစီအစဉ် ကို မေးမြန်းရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်ကပြောခဲ့ ခြင်းဖြစ်သည်။

''အစိုးရအနေနဲ့လုပ်သွား ဖို့မရှိပါဘူး။ နစ်နာသူအနေနဲ့က တော့ ဥပဒေနဲ့အညီတရားမ ကြောင်း အရ တရားစွဲဆိုတာမျိုး ပေါ့။ ဒါတွေကတော့ ကျွန်တော် တို့ကန့်သတ်လို့မရဘူး။ သူတို့ရဲ့ သဘောဆန္ဒအရလုပ်တာ။ ပြည် သူတွေရဲ့ သဘောဆန္ဒအရလုပ် တာလေ''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။ ''ဒီလိုရေး သား မှုတွေ ကို ထိန်းချုပ်မယ်၊ နှိပ်ကွပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်သွားဖို့လဲ မရှိပါဘူး''ဟု ဝန်ကြီးဦးအောင် ကြည်က ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို နိုင်ငံတ ကာနှင့် တစ်ပြေးညီပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူတို့၏အသိ ပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ လွတ်လပ်ခွင့်ကိုဖြေလျှော့ ပေး သွားရန်ရှိကြောင်း၊ သတင်းမီဒီ ယာများ အနေဖြင့် တာဝန်ခံမှု၊ တာ ဝန်ယူမှုရှိရှိဖြင့် ရေးသားရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ၏ပြောကြားမှုအရ သိရသည်။

အဆိုပါ ပြည်ထောင်စုဝန် ကြီး၏ ပြောကြားမှုသည် နိုင်ငံ တကာစံနှုန်းများနှင့်ညီညွတ်ပြီး စာနယ်ဇင်း ကျင့်ဝတ်ကိုဖောက် ဖျက်သည့် သတင်းဂျာနယ်၊ သတင်း စာများအနေဖြင့် နစ်နာသူဘက် မှတရားစွဲဆိုပါက ခံရမည်ဖြစ် ကြောင်း မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင် စီ(ယာယီ)အတွင်းရေးမှူး ဦး ကျော်မင်းဆွေက ပြောသည်။

ဦးကျော်မင်းဆွေ က ''ဝန် ကြီးပြောတာမှန်ပါတယ်။ ဝန်ကြီး ဌာနနဲ့ ကောင်စီက အရေးယူတာ မျိုးလုပ်မှာ မဟုတ်ပါဘူး။ စာနယ် ဇင်းကျင့်ဝတ်နဲ့မညီတဲ့ ရေးသား မှုတွေကို ကာယကံရှင်ကမကျေနပ် လို့ တရားစွဲရင်ခံရမှာပါ''ဟု ပြော သည်။ ယခုလ အတွင်း ပြည်တွင်း နာမည်ကြီးသူဌေးတစ်ဦးမှ ယင်း နှင့် ယင်း၏အကျိုးစီးပွားကို ပျက် စီးစေရန်တိုက်ခိုက်ရေးသားသည့် အတွက်ဟုဆိုကာ ပြည်တွင်းဂျာ နယ်တစ် စောင်ကို တရားစွဲဆိုမည် ဖြစ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြား ခဲ့ သည်အထိ စာနယ်ဇင်း လောကတွင် အငြင်းပွားမှုများဖြစ် ပေါ်နေကြောင်း သိရသည်။

ရန်ကုန်မီဒီယာ

0 comments:

Post a Comment