မယ်ဗမာ၊ မယ်ဒဂုံ၊ မယ် တက္ကသိုလ် ဆု (၃)ဆုကို ဆွတ်ခူး ထားတဲ့ အလှမယ်ကတော့
ဒေါ်ဖြူဖြူရှိန် ပဲဖြစ်ပါတယ်။ဒေါ်ဖြူဖြူရှိန်ကမေခလာနဲ့ ရတနာတို့အပါအဝင် သား
သမီး ၆ရောက် မွေးဖွားထားတဲ့ မိခင် တစ်ဦးလည်းဖြစ်ပါတယ်။ အသက်၁၅နှစ်
အရွယ်မှာ မယ်ဒဂုံပြိုင်ပွဲကို ဝင်ပြိုင်ဖြစ် ခဲ့ပြီး
မယ် ဒဂုံဆုရရှိခဲ့ပါတယ်။ အဲဒီနောက် မယ်ဗမာနဲ့ မယ် တက္ကသိုလ်ပြိုင်ပွဲ
တွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု တွေချည်းပဲ ရရှိခဲ့ပါတယ်။
၁၅နှစ်အရွယ်က မယ်ပြိုင်ပွဲဝင် ခဲ့တဲ့ ဒေါ်ဖြူဖြူရှိန်က ယခု လက်ရှိ မှာ တော့
အသက်၇ဝ ကျော်အရွယ်ရှိနေပြီဖြစ်ပါ တယ်။တစ်သက်တာမှာ မယ်
ပြိုင်ပွဲ(၃)ပွဲပဲဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး သုံးပွဲစလုံးမှာ ပထမဆု
ချည်းပဲ ရရှိခဲ့တဲ့ အလှ ယ် ဒေါ် ဖြူဖြူရှိန်နဲ့အင်တာ ဗျူးဖြစ်ခဲ့ သမျှကို
ဖော်ပြ ပေးလိုက်ပါတယ်။
► တစ်သက်တာ ၃ခါပြိုင် ပြိုင်ပွဲတိုင်းမှာ ပထမ
အန်တီအသက် ၁၅နှစ် ကျော်၊ ၁၆နှစ်အရွယ်တုန်း ကပေါ့ အန်တီရဲ့ အစ်ကိုက
အမေရိကကိုသွားရင်း အမေရိက မှာ Miss အမေရိကပြိုင်ပွဲ ကို ကြည့်လာခဲ့
တယ်ထင်ပါ တယ်။ အဲဒီတုန်းက မယ်ဒဂုံပြိုင်ပွဲကို ဂျူဗလီဟောမှာ လုပ်တယ်။
ပြိုင်ပွဲလုပ်ဖို့ ခုနစ်ရက်အလိုမှာ အန်တီရဲ့ အစ်ကိုက အန်တီရဲ့
နာမည်ကို သွားပေးတယ်။ အန်တီရဲ့ အစ်ကိုက သူ အမေရိက မှာ Miss အမေရိကမယ်တွေ
လျှောက်ပုံကို သူကပြန်ပြောပြ၊ လုပ်ပြတယ်။ အန်တီကိုလည်း သူလုပ်ပြသလို
လိုက်လုပ်ခိုင်းပြီး သင်ပေးတယ်။ အဲဒါနဲ့ ပြိုင်ပွဲကို ဝင်ပြိုင်တော့
အမှတ်စဉ် ကောက်တဲ့ သူတွေက” ဟဲ့..ဖြူဖြူ နင်ဆန်ခါတင်ထဲမှာပါတယ်” တဲ့။
ကိုယ်က ထင်တောင် မထင်ဘူးလေ။ နောက် ဆုပေး ပွဲလည်းရောက်တော့ ပထမဆု ဆိုတော့
ဝမ်းသာပြီး ထခုန်မိတော့တာပဲ။ အဲဒါနဲ့ မယ်ဒဂုံဆုရခဲ့ တယ်။
မယ်ဒဂုံဖြစ်ပြီးတော့ မယ်ဗမာဝင်ပြိုင်တယ်။ အဲဒီ တုန်း ကပြိုင် ရတာက ဘောင်းဘီ
နဲ့ စွပ်ကျယ်ပေါ့။ ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ်မထင်ခဲ့ဘူး။ မယ် ဗမာကျတော့
မယ်ပြိုင်ပွဲ မှာ First ရတဲ့မယ်တွေပဲ ဝင်ပြိုင်ရတဲ့ပြိုင်ပွဲပေါ့။
အန်တီ က အဲဒီပြိုင်ပွဲမှာလည်း First မယ်ဗမာရတယ်။ အဲဒီတုန်းက ဆိုရင်
သတင်းစာတွေရဲ့ ခေါင်း ကြီးပိုင်းမှာ မယ်ဆုရတဲ့ ပုံကို ဖော်ပြကြတယ်။
ခေါင်းစဉ် ကြီးနဲ့ကို ထည့် တယ်။ နောက် အဲဒီကောလိပ် ကျောင်း ရောက်
သွားတော့လည်း မယ် တက္ကသိုလ် ပြိုင်ပွဲမှာ ပထမထပ်ရတယ်။ တစ်သက်မှာ သုံးခါပဲ
ပြိုင် ဖူးတယ်။ သုံးပွဲလုံး ပထမပဲ ရခဲ့တယ်။
► ဘီကီနီဝတ်စုံဖက်ရှင်မြန်မာအမျိုးသမီးအမြင်
အန်တီတို့ခေတ်ကာလမှာ တော့ ပြည်ပကို သွားပြိုင်တာမျိုးမရှိသေးဘူး။
အဲဒီတုန်းက မယ်စကြဝဠာ ပထမ ဆုံးရွေးတဲ့ ကာလပဲရှိသေးတယ်။ နှစ်ပေါင်း
ကြာလှပါပြီ။ အန် တီ တို့အသက် ကြီးလာတော့ မယ်ပြိုင်ပွဲတွေ
နည်းနည်းပြတ်သွားတယ်။ မယ်စကြဝဠာပြိုင်ပွဲတွေမှာ တခြားနိုင်ငံတွေက ဆုတွေရ
ကြတော့ အန်တီရဲ့ စိတ်ထဲမှာ ကိုယ့်မြန် မာအမျိုးသမီးတွေ လည်း ပြိုင်စေချင်တဲ့
စိတ်တွေ ဖြစ်တာပေါ့။ ဒါပေမဲ့ အခု အချိန်မှာ မြန်မာအမျိုးတွေ ဆုတွေ ရလာတော့
တအားဝမ်း သာ တာပေါ့။ ပြည်ပပြိုင်ပွဲတွေ မှာ တကယ့် Swimming Suit
အပြည့်နဲ့ ပြိုင် တာလောက်တော့ အကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဘီကီနီ
လောက်ဆိုရင် တော့ တစ် မျိုးပေါ့။ သိပ်မကြိုက်ဘူးပေါ့။ ဒါပေမဲ့ သူတို့
ယဉ်ကျေးမှုနဲ့ဆိုရင်တော့ ဘယ်လိုလုပ် မလဲတော့ မသိဘူး။ Swimming Suit ကျတော့
အကုန်လုံးအပိတ်ဆိုတော့ အကြောင်း မဟုတ်ဘူး။ ပေါင်ကနေ ရင်ဘတ် ထိကို
အပြည့်ပိတ်ထားတာလေ။ ဘစ်ကီနီကျ တော့ သူတို့ နိုင်ငံမှာ တော့ ဘာမှမဖြစ်ဘူးလေ။
ဒါပေမဲ့လ ည်း ခေတ် တွေ ကပြောင်း လာပြီလေ။ ဘယ်သူ့ကို မှ အန်တီ
အပြစ်မပြောချင်ပါဘူးသူတို့ တွေလည်း မြန်မာ့ ဂုဏ် ကို ဆောင်နိုင်ခဲ့တဲ့
သူတွေပါ။
မျိုးဆက်သစ် အလှမယ်တိုရဲ့ပရဟိတစိတ်ဓါတ်ဂုဏ်ပြုကြိုဆို
တခြားနိုင်ငံက နိုင်ငံ ခေါင်းဆောင်ကြီးတွေ လာတယ်ဆိုရင် အန်တီတို့မယ်တွေ က
လေယာဉ်ကွင်းမှာ သွား ကြို ရတယ်။ အဝတ်အစားကအစ အစိုးရက ချုပ်ပေးတယ်။ အဲဒီလို
ကြိုရတဲ့အတွက် ဂုဏ်ယူတာပေါ့။ အန်တီတို့ ခေတ်တုန်းကတော့ ပရဟိတတွေ
လုပ်ဆောင်တာမျိုး နည်းခဲ့တယ်။ အဲဒီတုန်းကရှိခဲ့ရင် အန်တီ တို့ အနေနဲ့
ထိပ်ဆုံးက လုပ်ကြမှာပေါ့။
အခုခေတ်မှာ Miss တွေ၊မယ်တွေက ပရဟိတ
တွေလုပ်ဆောင်နေကြတာတွေ့ရတော့ သိပ်ကြည်နူးရတယ်။ ခေတ်ရဲ့ကောင်းကျိုးကို
လုပ်ပေးနေကြတာလေ။ ဒီထက်ေ ကာင်းတဲ့ အလုပ်ဘယ်ရှိပါ့မလဲ။ ကလေးတွေက အရင်ဘဝက
ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ကြလို့ ဒီဘဝမှာအလှအပတွေနဲ့ ဂုဏ်ဒြပ် တွေရကြ
တာလေ။ နောက် ဘဝ ဆိုရင် ဒီထက် ကောင်းတာတွေရကြဦးမှာပါ။ သူတို့ရဲ့ဘဝ
ကံအကျိုးပေးကြောင့်ဖြစ် လာကြ တာပါ။ ဒါက ပိုက်ဆံပေးတိုင်းရတာမျိုးမှ မဟုတ်တာ
ပဲ။ပရိသတ်ရဲ့ မေ တ္တာ၊သူကိုယ်တိုင်ကလည်း အလှရှိမှ၊ သူကိုယ်တိုင်ရဲ့ ကံက
လည်းကောင်းလို့ ဆုတွေရရှိခဲ့ကြ တာပါ။
အဲဒီလိုရရှိခဲ့တာကို ပရဟိတ
တွေပြန် လုပ်ပေးကြ တဲ့အတွက် အန် တီ အနေနဲ့ တအားဂုဏ်ယူပါတယ်။ အန်တီ
တို့ခေတ်က အဲဒီလို မရှိခဲ့ဘူး။ နိုင်ငံခေါင်းဆောင်ကြီးတွေလာရင် ပန်းစည်းနဲ့
သွားကြိုပေးရ တာမျိုး လောက်ပဲ လုပ်ခဲ့ရ တာေ လ။ အခုခေတ် မှာ
ဒီကလေးတွေသွားနိုင်တယ်၊ လာနိုင် တယ်၊ လုပ်ပေးနိုင် တယ်ဆိုတာ နည်းတဲ့
ကုသိုလ်ကံမဟုတ်ပါဘူး။
လင်းအက္ခရာ
0 comments:
Post a Comment