မြန်မာ နိုင်ငံကြက်ခြေနီအသင်းနှင့် မိတ် ဖက်အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ် ဘေးဒုက္ခ ဆိုင် ရာ ပြန်လည် ထူထောင်ရေးလုပ်ငန်း များအား ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေပေါ်မူတည်ပြီးမှသာ ဆက်လက်ဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအ သင်းမှ ဒုတိယအထွေထွေ အတွင်း ရေး မှူး ဒေါက်တာအောင်ကျော် ထွဋ်က ''ပြည်တွင်းငြိမ်းချမ်းရေး အပေါ်မူတည်ပြီး ကချင်အတွက် လဲ လုပ်ငန်းအစီ အစဉ်တွေ ရေး ဆွဲ ဆောင်ရွက် သွားဖို့ရှိတယ်။ ကချင် ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အဖွဲ့အစည်း တွေရဲ့လိုအပ်ချက်တွေအပေါ် မူ တည်ပြီး မြန်မာ နိုင်ငံကြက်ခြေနီ အသင်း နဲ့ မိတ်ဖက်အဖွဲ့အစည်း တွေ အတူပူးပေါင်း ပြီး ဆောင် ရွက် သွားမှာပါ''ဟု အောက်တို ဘာ ၁၄ရက်တွင် ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ကြက် ခြေနီ အသင်းနှင့် မိတ်ဖက်အဖွဲ့အ စည်းများတွေ့ဆုံဆွေးနွေးပွဲ တွင် ပြောသည်။
''အစိုးရအဖွဲ့နဲ့ တစ်ဖက်အ ဖွဲ့အစည်းတွေက လက်ခံမှသာ ကချင်မှာ ဘာတွေလုပ်ဆောင် ပေးရမလဲဆိုတာကို သွားပြီးဆန်း စစ်နိုင်မှာဖြစ်ပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။
ယင်းအပြင် အဆိုပါအစည်း အဝေးတွင် မြန်မာနိုင်ငံအတွင်း ၂၀၁၁ မှ ၂၀၁၂ခုနှစ်အထိ စီမံကိန်းရေး ဆွဲ ဆောင်ရွက်ထားသည် များကို ပြန် လည်လေ့ လာသုံးသပ်ကြပြီး နိုင်ငံ၏ တိုးတက်ပြောင်းလဲသွား သည့်အခြေအနေအရပ်ရပ်ပေါ် တွင်မူတည်ပြီး လူမှုကရုဏာလုပ် ငန်းများကို ဆက်လက်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်း ဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံကြက် ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အ စည်းများ ဖြစ်သည့် ကမ္ဘာ့ကြက် ခြေနီနှင့် လခြမ်းနီအသင်းများ ဖက် ဒရေးရှင်းတို့လာရောက် ခဲ့ကာ အ သင်းစုစုပေါင်း ၁၃ သင်း တက် ရောက်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
Yangon Media Group
0 comments:
Post a Comment