သတင်းဖွင့်ချသူ ၀ရမ်းပြေး အက်ဝက်စနိုးဒင်းရဲ့ ပြောကြားချက် အရ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့ခေါင်း ဆောင် ၃၅ ဦးရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်ဖမ်းယူနားထောင် ခဲ့ကြောင်းကို ဗြိတိန် နိုင်ငံရဲ့ ဂါးဒီးယန်း သတင်းစာ က ကြာသပတေး နေ့က ဖော်ပြခဲ့ ပါတယ်။ စာရွက်စာတမ်း တွေအရ ဖုန်းနံပါတ် တွေကိုတော့ အခြားအစိုးရဌာန အတွင်းမှ ရှိနေတဲ့ အရာရှိ တစ်ဦးက အမေရိကန် လုံခြုံရေး ကောင်စီ NSA ကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အိမ်ဖြူတော် နိုင်ငံတော် အဆင့် ဌာနနဲ့ ပင်တဂွန်မှာ ရှိတဲ့ ၀န်ထမ်းတွေဟာ တိုင်းတစ်ပါး နိုင်ငံရေးသမား များရဲ့ ဆက်သွယ်လို့ ရနိုင်တဲ့ အသေးစိတ် အချက်အလက် တွေကို မျှဝေဖို့ တွန်းအားပေး ခံရတယ်လို့ သိရပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦး ကတော့ မိမိတို့ဟာ ဒီလိုစွပ်စွဲခံ ထားရတဲ့ လုပ်ရပ် တစ်ခုချင်းစီကို လူသိရှင်ကြား မှတ်ချက်ပေး သွားမဟုတ်ကြောင်းနဲ့ လုပ်ထုံး လုပ်နည်း အရ အမေရိကန် ပြည်ထောင်စုဟာ အထက်ပါ ကိစ္စရပ်တွေကို စုစည်းရတာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ဒီထုတ် ဖော် ပြောကြားချက် ကတော့ အထက်ပါ ကိစ္စရပ်တွေကို စုစည်းရတာ ဖြစ်ကြောင်း ပြောကြားသွား ခဲ့ပါတယ်။
ဒီထုတ်ဖော် ပြောကြားချက် ကတော့ ဂျာမန် အဓိပတိ အိမ်ဂျလာမာကယ်လ်ရဲ့ ဖုန်းကို အမေရိကန်က ခိုး နားထောင် ပါတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဂျာမနီက ၀ါလ်ရှင်တန်ကို အဖြေတောင်းပြီး နောက် တစ်နေ့မှာ ထွက်ပေါ် လာတာပါ။ အဆိုပါ ဖုန်းခိုး နားထောင်မှုဟာ ဆယ်စုနှစ် ၂ ခုအတွင်း အမေရိကန် ဂျာမန် ၂ နိုင်ငံရဲ့ အဆိုးရွားဆုံး ကတောက်ကဆလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော် ကတော့ ဖုန်းခိုး နား ထောင်တဲ့ ကိစ္စကို ငြင်းချက် မဟုတ်ဘဲ နောင်ဒါမျိုး မဖြစ်ရဘူး လို့လည်း ပြောပါတယ်။ ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦးရဲ့ ဖုန်းနံပါတ်ပေါင်း ၂၀၀ ရှိကြောင်းနဲ့ ၂၀၀၆ ခုနှစ် အောက်တိုဘာလ ကတည်းက ပြုလုပ်ခဲ့တဲ့ ကြားဖြတ် နားထောင်မှု တွေကိုတော့ အထူး လျှို့ဝှက် အနေနဲ့ ထားရှိကြောင်း ကိုလည်း ဂါးဒီးယန်း သတင်း ဌာနက ဖော်ပြသွားပါ။ အဆိုပါ နိုင်ငံရေးခေါင်းဆောင် တွေဟာ ဘယ်သူတွေ ဖြစ်တယ် ဆိုတာ ကိုတော့ ဖော်ပြခြင်း မရှိကြောင်း သိရှိရပါတယ်။
0 comments:
Post a Comment