စစ် ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ်အတွင်း လျှပ်စစ် ဓာတ်အားမီး မဂ္ဂါဝပ် ၅၄၀ ထုတ် လုပ်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ဆက်လက် လုပ် ဆောင်ခြင်း မပြုရန်အတွက် ဒေ သခံများ က နိုင်ငံတော်သမ္မတထံ သို့ ကန့်ကွက်စာတင်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကန့်ကွက်စာပေး ပို့ ခြင်းကို အဆိုပါဒေသရှိ မထုကြီး ကျေးရွာ၊ ဝဲဒေါက်ကျေးရွာ၊ နန်း မောက် ကယ်ကျေး ရွာ၊ ယောစု ကျေးရွာ၊ သန်းကျီစု ကျေးရွာ နှင့် ကြို့ကုန်းကျေးရွာ တို့မှ ဒေသခံ တစ်ထောင်ကျော်က လက်မှတ် ရေးထိုးတောင်း ဆိုကြခြင်းဖြစ် သည်။
အဆိုပါကျောက်မီးသွေး စက်ရုံနှင့်ပတ်သက်၍ ဆိုးကျိုးများ နှင့်ပတ်သက်ပြီး စိမ်းလန်းအမိမြေ ဆိုသည့် အဖွဲ့အစည်းက ယင်းဒေ သတွင် ဝေငှသွား ခဲ့ကြောင်း၊ စက် ရုံမှထွက်ရှိမည့် ကာဗွန်ဒိုင်အောက် ဆိုဒ်ကြောင့် အသက်ရှူလမ်းကြောင်း ပျက်စီး စေခြင်း၊ ဦးနှောက်၊ အာ ရုံကြောဆိုင် ရာရောဂါများ၊ အစာ အိမ်လမ်း ကြောင်းရောဂါများ၊ ပန်းနာရင် ကျပ်နှင့် နှလုံးရောဂါ များကိုဖြစ်စေနိုင်သည်ဟု ဖော်ပြ ထားကြောင်း ဒေသခံများထံမှ သိရသည်။
မထုကြီးကျေးရွာမှ ဒေါ် သောင်းညွန့်က ''ဒီကျောက်မီးသွေး စက်ရုံကိုတော့ ကျွန်မတို့ဆီမှာ လုံးဝအ တည်မခံနိုင်ဘူး။ ကုမ္ပဏီ က ဘယ်လိုအကာ အကွယ်ပေး မယ်၊ ကောင်းကျိုးတွေရှိတယ်ဆို လဲ လက်မခံ ဘူး။ သူတို့ပေးတဲ့ လျှပ်စစ်မရလဲ နေပါ စေ''ဟု ပြော သည်။ မထုကြီးကျေးရွာမှ ဦးထွန်း မြင့်ရွှင် က အဆိုပါ ကုမ္ပဏီနှင့်ပတ် သက်၍ကောင်းကျိုးများကို ဂဃ နဏမ သိရှိကြောင်း၊ ကုမ္ပဏီဘက် မှ ဟောပြောပွဲများ ပြုလုပ်ကာ အန္တရာယ်မ ရှိစေရန် လုပ်ပေးမည် ပြောသော်လည်း လက်မခံ နိုင် ကြောင်း ပြောသည်။
Yangon Media Group
0 comments:
Post a Comment