Pages

Tuesday, October 22, 2013

ပြည် -ပခုက္ကူခရီးသည်တင်ယာဉ် ယနေ့နံနက်အစောပိုင်းက တိမ်းမှောက်မှုကြောင့် (၄)ဦးသေဆုံး


ပြည်မြို့မှ ပခုက္ကူသို့ခရီးသည်များ တင်ဆောင်လာသော ပြည်တော်ကြီး ယာဉ်(၁ဂ/---)သည်ယနေ့နံနက်(၃)နာရီ(၁၅)မိနစစ်ဝန်းကျင်ခန့်တွင် တိမ်း မှောက် ခြင်းကြောင့်ခရီးသည်(၄)ဦး သေဆုံးခဲ့သည်ဟုသိရသည်။
ယာဉ်မောင်း ကို----မောင်းနှင်လာသောအဆိုပါယာဉ် မှာရေနံချောင်း၊ သစ်တပွေရပ်၊ရန်ကုန် မန္တလေးလမ်း မကြိး၊ မိုင်တိုင်အမှတ်(၃၆၁) အ ရောက် လမ်းညာဘက်ချောင်းထဲ သို့ထိုး ကျတိမ်းမှောက်ခဲ့ ခြင်း ဖြစ် သည်။
“ကားကလမ်းညာဖက်ခြမ်းကို တုံးလုံးလဲတဲ့အနေ အထားဗျ၊ဘရိတ်ပေါက် တယ်ပြော တာပဲ၊ ဆန်အိတ် တွေကများ တယ်၊လူတွေကိုဆွဲထုတ်ခဲ့ရတယ် ၊နိုင်ငံခြားသားခရိးသည်(၂)ယောက်ကယ် တင်နိုင်ခဲ့ လို့ပဲ လူ အများကြီး မသေတာ၊ဒဏ်ရာရတဲ့သူတွေကိုပါ ပြုစုပေးတယ်” ဟု မျက်မြင်တွေ့ရှိ သူဒေသခံမှပြော သည်။

သေဆုံးသူများမှာမမြင့်မြင့်သူ၊အသက်(၁၄)နှစ်၊အဖ ဦးဖိုး ကုလား၊ အင်ပင်ဂုံညင်းတန်း၊မြန်အောင် မြို့နယ်၊ ကိုဝင်းလှိုင်(ကမ္မ)မကျီး သုံးပင်၊ပခုက္ကူမြို့နယ်၊မခင်အေးကြူအသက်(၄၅)နှစ်၊ အဖဦးစိန်လှ၊မြစ်သာ ဈေးတန်း၊ ပခုက္ကူမြို့နယ်၊နောက်အမျိုးသမီးတစ်ဦးမှာ စုံစမ်းစဲဖြစ်သည်၊။ဒဏ်ရာရရှိသူ(၁၁)ခန့်ရှိပြိး ရေနံ ချောင်း ဆေးရုံ တွင် အတွင်းလူနာအဖြစ်ကုသပေးလျှက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ပေါ့ဆစွာမောင်းနှင်သူ ကို---အားညောင်လှနယ် မြေရဲစခန်းမှူး ရဲအုပ်စိုးလွင်မှ တရားလိုပြုတိုင်တန်းသဖြင့် ယာဉ်(ပ)၈/၂၀၁၃၊ပြစ်မှုပုဒ်မ၃၃၇/၃၃၈/ ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသတင်းရရှိသည်။ဦးမင်း

Popular Myanmar News Journal

0 comments:

Post a Comment