Pages

Monday, October 28, 2013

လိုင်ဇာမြို့လက်မှတ်ထိုးပွဲတက် ရန် UNFC အဖွဲ့ မြစ်ကြီးနားမြို့ရောက်ရှိ


ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ယခုလ ၃၀ရက်နေ့ကနေ နိုဝင် ဘာလ ၁ရက်နေ့အထိ ကျင်းပမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ - UNFC အဖွဲ့ဝင်တွေဟာ မနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ကို ရောက်လာပါတယ်။

အဲဒီ UNFC အဖွဲ့က အဖွဲ့ဝင် ၁၂ ဦးဟာ ဒီနေ့မှာ လိုင်ဇာမြို့ကို ဆက်လက်ထွက်ခွာမှာ ဖြစ်တယ်လို့ မြစ်ကြီး နားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက RFA ကို ပြောပါတယ်။

"့ရောက်လာတဲ့ UNFC အဖွဲ့ ၁၂ ဦး က ဒီကနေ့ ရောက်ရှိလာပါတယ်။ ဦးနိုင်ဟံသာတို့လည်း ပါပါတယ်။ မနက်ဖြန် မနက် ၈ နာရီမှာ သူတို့ လိုင်ဇာကို သွားမှာပါ။ဒီနေ့မှာကျတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ၃၃ ဦးလာမှာ ဖြစ်ပါတယ်။ ၂၉ ရက်နေ့ အရောက် လိုင်ဇာပို့ရမှာ ဖြစ်တယ်။"

လိုင်ဇာမှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ညီလာခံ( Ethnic Armed Groups Conference)ကို မြန်မာတစ်နိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့ တက်ရောက် မယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုပေါင်းပြီး ဘုံသဘောတူညီချက်တွေရရှိအောင် ညီလာခံကျင်းပပြီး ဆွေးနွေးကြ မှာဖြစ်ပါတယ်။

အဲဒီလို ညီလာခံကျင်းပတာဟာ ဒီလဆန်းပိုင်းက အစိုးရနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေရဲ့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အချက် ၇ ချက်ထဲက ကေအိုင်အိုအဖွဲ့ရဲ့ တောင်းဆိုမှုကို အကောင်အ ထည်ဖော်နိုင်တာဖြစ်ပါတယ်။

RFA Burmese

0 comments:

Post a Comment