Pages

Wednesday, October 30, 2013

ဝန်ထမ်းအချင်ချင်းမပြေလည်မှုကြောင့် ဆိုင်ခန်းများဖျက်ခိုင်းနေဟုဆို


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် အမှတ်(၁)ရပ်ကွက် ပြည်သူ့ဆောက် လုပ်ရေးလုပ် ငန်း၊ မြို့နယ် အင်ဂျင်နီယာ ရုံးဝန်း အတွင်းရှိ ဆိုင်ခန်းများအား ဝန်ထမ်းအချင်းချင်း မပြေလည်မှုများကြောင့် ဖျက်ခိုင်းနေမှုအား ဆိုင်ခန်း ပိုင်ရှင်များက ကျေနပ်မှု မရှိဘဲ သမ္မတရုံးသို့ တိုင်စာပို့ထားကြကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ အရာရှိ တစ်ဦးက မြန်မာ့ခေတ်သို့ ပြောသည်။
အဆိုပါ နေရာတွင် ဆိုင်ခန်းအရေအတွက် တိုးလာခြင်း၊ ဆိုင်ခန်းလစာများ အထက်ဌာနသို့ တင်သွင်းမှု ကွာဟနေခြင်း၊  အရာရှိငယ်နှစ်ဦး ပြောင်းလာချိန်တွင် နေစရာမရှိခြင်း၊ လက်ရှိဆိုင်ခန်းနှင့် ခရိုင်သို့ တင်ပြ ထားသော ဆိုင်ခန်းအရေအတွက် ကွာခြားနေမှုမှ စတင်ကာ ခရိုင်အင်ဂျင်နီယာမှူး၏ ဖိအားပေးမှုကြောင့် ဆိုင်းခန်းအားလုံး ရွှေ့ပြောင်းရမည့် အနေအထားသို့ ဖြစ်လာကြောင်း ၎င်းဝန်းအတွင်းရှိ အရာရှိ အချို့က သုံးသပ်နေကြသည်။
အရာတော်မြို့နယ် လက်ထောက်အင်ဂျင်နီယာ ဦးလွင်မျိုးသန့်၏ အကြောင်းကြားစာတွင် စစ်ကိုင်း တိုင်းဒေသကြီး အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာမှူး(ရေသန့်) ဒေါ်နှင်းဆီ၊ မုံရွာခရိုင်အင်ဂျင်နီယာမှူး ဒေါ်ခင် မျိုးကြည်နှင့် အရာတော် မြို့နယ် အင်ဂျင်နီယာ ဦးမြတ်ကျော်တို့ အဖွဲ့မှ ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် အပြီး သတ် ဖယ်ရှားပေးရေး ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ဆိုင်ခန်းရှင်များမှ ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း ဝန်ခံဂတိ လက်မှတ်ရေးထိုး ပေးခဲ့သော်လည်း ယခုအချိန်ထိ ဖယ်ရှားပေးခြင်း မရှိသေးသည်ကို တွေ့ရသည်။ ယခု အခါ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက်  အမြန်ဖယ်ရှားပေးရန် ညွှန်ကြားလာသောကြောင့် ယခု လ (၂၇)ရက်နေ့ ဖယ်ရှားပေးရမည်ဟု ဖော်ပြထားသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဆိုင်ခန်းရှင်များမှ ဖယ်ရှားမည်ဟု လက်မှတ်လုံးဝ ထိုးပေးထားခြင်း အရှိ သေးကြောင်း ပြောကြသည်။ ယခင်စာရင်းရှိ ဆိုင်ခန်းအားလုံးမှာ (၂၈)ခန်းဖြစ်သည်။၎င်းအင်ဂျင်နီယာ ဝန်း အတွင်း ဝန်ထမ်းအိမ်ယာ ဆောက်လုပ်မည် ဆိုခြင်းသည် အစီအစဉ်သာ ရှိသေးကြောင်း အမည်အဖော် လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းအပြင် အဆိုပါပိုင်နက် လမ်းပေါ်ရှိ ရွှေဆိုင်သည်လည်း ဖျက်သိမ်းပေးရန် ယခင်နှစ် ကတည်းက ကျထားပြီး ယခုအချိန်ထိ ဖျက်သိမ်းခြင်း မရှိသေးကြောင်း၊ ရဲစခန်း တိုက်တန်း များတွင်လည်း ယင်းကဲ့သို့ ငှားရမ်းထားသော ဆိုင်ခန်းပေါင်း ငါးဆယ်ကျော်ရှိကြောင်းလည်း ဆက်လက် သိရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment