ထိုင်းနိုင်ငံ ဖူးခက်ကျွန်းရှိ Super Cheap ဈေးဝယ်စင်တာ တွင် လူပေါင်း ၁၀၀၀ ရှိနေချိန် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှု သည် အောက်တိုဘာ ၁၆ရက် ည ၉နာရီ မိနစ် ၄ဝအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မရှိသော်လည်း ထိခိုက်ဒဏ်ရသူ များရှိကြောင်း ယနေ့နံနက် ၉ နာရီတွင် ဖူးခက်ရဲအရာရှိက ပြောသည်။
မီးလောင်မှုကို ထိန်းချုပ် နိုင်ပြီဖြစ်သော်လည်း ထိုအ ဆောက်အအုံထဲသို့ ဝင်ရောက် ရန် အန္တရာယ်ရှိကြောင်း သိရ သည်။ Super Cheap စင်တာ နှင့်၎င်းအနီးရှိ အဆောက်အအုံ များကိုပါ မီးစွဲလောင်ခဲ့ကာထို သို့ မီးလောင်ရခြင်းအကြောင်း အရင်းကို မသိသေးဟုသိရသည်။ မီးလောင် မှုဖြစ်ပွား ချိန်တွင် ဖူး ခက်တစ်ဝန်းမီးခိုးများ ဖုံးလွှမ်း သွားပြီး အဆောက်အအုံထဲတွင် လည်း ဈေးဝယ်သူရာပေါင်းများ စွာနှင့် ဝန်ထမ်းများရှိနေခဲ့သည်။
မီးသတ်ကားအစီး ၅၀ ကျော် မီးသတ်သမား ၃ဝဝတို့ ဖြင့် မီးငြှိမ်းသတ်ခဲ့ရသည်။ အ ဆိုပါ အဆောက်အ အုံအနီးမှ Esso ဓာတ်ဆီဆိုင်နှင့် အဆောက် အအုံအတွင်းမှ ဂက်စ်အိုးများ ပေါက်ကွဲလာနိုင်သဖြင့် ရဲများက လူများကို မီးနှင့်ဝေးရာကို ဖယ် ရှားရှင်းလင်းထားခဲ့သည်။
''ကျွန်တော်ရောက်ပြီး ခဏကြာတာနဲ့ ပေါက်ကွဲတဲ့ အသံကြားရတယ်။ ဒါပေမဲ့ ဘယ် က အသံလဲဆိုတာ မသိဘူး။ မီး တောက်ကြီးတွေက Thanksina သစ်စက်ရုံဆီ ရွေ့သွားတယ်''ဟု သတင်းထောက် နာရာပွန် တူရော့ က ပြောခဲ့သည်။ ''လူတွေ အကုန် လုံးက အော်ဟစ်နေကြပြီး အ ဆောက်အအုံက ထွက်ဖို့ ကြိုး စားနေကြတယ်။ ဖူးခက်ကျွန်း တစ်ဝန်းမှာလဲ လူနာတင်ယာဉ် တွေ အများကြီးတွေ့ရတယ်''ဟု ဖူးခက်ရှိ အီရန်နိုင်ငံသားတစ်ဦး က ပြောခဲ့သည်။ အစောပိုင်း သတင်းများအရ ထိုမီးလောင်မှု သည် လျှပ်စစ်ပတ် လမ်းမှ ဂက်စ် အိုးကို မီးစွဲသွားခြင်းဟု သိရ သော်လည်း အတည်မပြုနိုင် သေးဟု သိရသည်။
Yangon Media Group
0 comments:
Post a Comment