Pages

Monday, October 14, 2013

ဆီးရီးယား ပဋိပက္ခအတွင်း နိုင်ငံတကာ အဖွဲ့အစည်းများပါ ပစ်မှတ်ဖြစ်လာ


ဆီးရီးယားနိုင်ငံတွင် နိုင်ငံတကာ အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ စိုးရိမ်ဖွယ် အခြေအ နေမျိုးဖြင့် မြင့်တက်လာနေကြောင်းသိရှိရသည်။ ဒမတ်စကက် မြို့တော်တွင် ဓာတုလက်နက်ဆိုင်ရာ ကျွမ်း ကျင်ပညာရှင်များကို ဦးတည်သည့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သလိုကြက်ခြေနီ ဝန်ထမ်းများကိုလည်း လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းများကဖော်ပြခဲ့သည်။ တနင်္ဂနွေနေ့က ဒမတ် စကက်တွင် ရုပ်မြင်သံကြား ဌာနတစ်ခု အပါအဝင် ပစ်မှတ်နေရာ အတော်များများသို့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။>
General Organization of Radion and TV ဌာနအနီးတွင် အသေခံ ဗုံးသမားများက ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ကား နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစိုးရ သတင်းဌာန များက ဖော်ပြခဲ့သည်။ သတင်းဌာနများက မီးစွဲလောင်နေသော ကားနှစ်စင်းနှင့်မီးသတ်ကား တစ်စင်းတို့၏ ပုံရိပ်များကို ထုတ်လွှင့် ပြသခဲ့သည်။ အစိုးရပိုင် SANA သတင်းဌာနက ယခုတိုက်ခိုက်မှုများသည် သူပုန်  တပ်များ၏အကြမ်းဖက်မှုဟု စွပ်စွဲခဲ့သည်။ ဒမတ်စကက်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း Four Season ဟိုတယ်ကို ဦးတည်ခဲ့သည့် မော်တာဖြင့် ပစ်ခတ်မှုများလည်း ပါဝင်သည်။
ယင်းဟိုတယ်တွင် ကုလသမဂ္ဂက စေလွှတ်သည့် ဓာတုလက်နက် ဖျက်သိမ်းရေး ပညာရှင်များ တည်းခို                                     လျှက် ရှိသည်။ RT သတင်းဌာနမှသတင်းထောက် တစ်ဦးဖြစ်သည့် ပေါလ်ဆလီရာက သူပုန်တပ်များသည် ယခု =တိုက်ခိုက်မှုများ မစတင်မီ ကတည်းက ပြည်သူများ အနေဖြင့်စစ်တပ်များ ချထားသည့် စစ်ဆေးရေး ဂိတ်များအနီးမှ ရှောင်ရှားနေရန် နှိုးဆော်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆီးရီးယားအရေး လေ့လာသူ မန်နျူရယ်လ် အိုချက်စ်ဆာရီတာက ဆီးရီးယား သူပုန်များ အနေဖြင့် ကုလသမဂ္ဂ၏ ပညာရှင်အဖွဲ့ကို တိုက်ခိုက်ရန် ဦးတည်ခြင်းသည် ပြည်တွင်းရေးကို သံတမန်နည်းဖြင့် ဖြေရှင်းရန် မလိုလားကြောင်း ပြသခဲ့ခြင်းဟု ဝေဖန်ခဲ့သည်။
ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေကို ဦးတည်ပြီး တိုက်ခိုက်လိုက်ပြီ ဆိုရင် ဒါဟာ သူပုန်တပ်ဖွဲ့တွေအတွက် အကျိုးအမြတ် တစ်ခုလို့ ယူဆနိုင်တယ်။ သူတို့က ကုလသမဂ္ဂရဲ့ အဖွဲ့တစ်ခုက လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရနေတာမျိုးကို မလိုလားဘူးလေဟု အိုချက်စ်ဆာရီတာကပြောဆိုခဲ့သည်။ ဓာတုလက်နက် ဖျက်သိမ်းရေး ပညာရှင်များကို တိုက်ခိုက်ရန် အားထုတ်ခဲ့ကြောင်း စွပ်စွဲမှုများ ပျံ့နှံ့နေချိန်မှာပင် ကြက်ခြေနီအဖွဲ့အစည်းများကို ဦးတည်သည့် နောက်ထပ် ထိုးနှက်မှုတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။ အစ်ဒ် လစ်ဘ် ဒေသတွင် သေနတ်သမားများက ကြက်ခြေနီနှင့် လခြမ်းနီ ဝန်ထမ်း (၇)ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီး (ICRC)က ကြေညာခဲ့သည်။
ကြက်ခြေနီအဖွဲ့မှ ဝန်ထမ်း (၆)ဦးနှင့် ဆီးရီးယား လခြမ်းနီ အဖွဲ့မှ စေတနာ့ဝန်ထမ်း (၁)ဦးကို တနင်္ဂနွေ နေ့တွင် အမည်မသိ လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း ICRCက သတင်းထုတ် ပြန် ခဲ့သည်။ ဆီးရီးယားတွင် အကြမ်းဖက်မှုတိုင်းကို အစိုးရနှင့် သူပုန်တို့က အပြန်အလှန် အပြစ်ပုံချနေပြီး ယခုလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး တိကျသော သတင်းအချက်အလက် မရရှိသေး ချေ။ဆီးရီးယား အစိုးရ သတင်းဌာနများက ယခုလုပ်ရပ်သည် သူပုန်တို့ လက်ချက်ဖြစ်ပြီး ဆာမင်နှင့် ဆာရက်ကက်ဘ်ကြား ခရီးသွားနေသည့် ကြက်ခြေနီ ယာဉ်တန်းကို လက်နက်ကိုင် ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲ                                                                                                         ခဲ့သည်။ ICRCက ယင်းကြက်ခြေနီ ဝန်ထမ်းများသည် စစ်ဘေးသင့် ဆီးရီးယား ပြည်သူများကို ကူညီရွှေ့ ပြောင်း ပေးနေခြင်းဟု ပြောကြားထားသည်။ BBC သတင်းဌာနက အခင်းဖြစ်ပွားရာ နေရာတွင် အစ္စလာမ် မစ်စစ်သွေးကြွများနှင့် ဆက်နွယ်သည့် ဆီးရီးယား သူပုန်တပ်ဖွဲ့များ လှုပ်ရှားလေ့ရှိကြောင်း ဖော်ပြသွားခဲ့သည်။

planet 

0 comments:

Post a Comment