Pages

Thursday, October 17, 2013

အစိုးရစစ်တပ်မှ လူနေရွာထဲသို့ လက်နက်ကြီးပစ်၊ ကလေးငယ် (၂) ဦး ဒဏ်ရာရ (၁) ဦး သေဆုံး


၁၅.၁၀.၂၀၁၃ ရက်နေ့ ညနေ (၅း၃၀) အချိန် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၁၂) ဒေသ၊ အတွင်းသို့ ကျူးကျော်နယ်ချဲ့ ရောက်ရှိနေ သော မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၆၉) နှင့် (ခ.မ. ရ-၃၂၃) တပ် တို့သည် ရွာသားများနေထိုင်ရာ ဂျယ်အူရွာ အနီးရှိ နမ်ဟောမ်ရွာထဲသို့ အကြောင်း မဲ့လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ၎င်းလက်နက်ကြီးကျည် (၁) လုံးသည် နမ်ဟောမ် ရွာထဲသို့ ကျရောက်ပေါက် ကွဲသဖြင့် ရွာသား ဦးဝင်းတင်နှင့် ဒေါ်သဲသဲ တို့သား မောင်ညီညီ (၁၄) နှစ်နှင့် မောင်ဇော်မျိုးချစ် (၃) နှစ် တို့ ထိခိုက်ဒဏ်ရာရရှိပြီး၊ တရုတ်ကလေး (၁) ဦး ပွဲချင်းပြီးသေဆုံးကြောင်း သတင်းရရှိပါသည်။

မြန်မာအစိုးရစစ်တပ် (မြစ်ကြီးနားတိုင်းမှူး ထွန်းထွန်းနောင် အပါအ၀င်) သည် လွန်ခဲ့သည့် (၅) ရက် အောက်တိုဘာလ (၈၊၉၊၁၀) ရက်နေ့တို့တွင် ပြုလုပ်သော KIO နှင့် မြစ်ကြီးနားဆွေးနွေပွဲတွင် ထိုးစစ်မ ဆင်ရေး စစ်ရှိန်လျှော့ချရေးတို့ကို သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
သို့သော် မြန်မာအစိုးရစစ်တပ်သည် နှစ်ဘက်ထိုးစစ်မဆင်ရေး၊ စစ်ရှိန်လျှော့ချရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး (၅) ရက် အကြာတွင် ဤကဲ့သို့ သဘောတူညီချက်စာချုပ်အား ကတိဖေါက်ဖျက် လိုက်ခြင်း ဖြစ်သည်။

Lachid Kachin

0 comments:

Post a Comment