Pages

Tuesday, October 22, 2013

အမေရိကန်နှင့် ပါကစ်တန် ဆက်ဆံရေး တင်းမာလာမှုကြောင့် ရပ်ဆိုင်းထားသောလုံခြုံရေးဆိုင်ရာ အကူအညီများပါကစ္စတန်သို့ ပြန်လည်ပေးအပ်


၂၀၁၁ ခုနှစ်မှစတင်ကာ အမေရိကန်နှင့် ပါကစ္စတန်ဆက်ဆံရေး တင်းမာလာမှုကြောင့် ရပ်ဆိုင်းထားသော လုံခြုံရေးဆိုင်ရာအကူအညီများကို ပါကစ္စတန်နိုင်ငံသို့ ပြန်လည်ပေးအပ်ရန်အတွက် အမေရိကန်အစိုးရမှ လွှတ်တော်သို့aတာင်းဆိုထားသည်ဟု အာဏာပိုင်များက ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၂၁ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ကန်ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိသည့် အကူအညီများကို ပြန်လည်ပေးအပ်ခြင်းက နှစ်နိုင်ငံဆက် ဆံရေးတိုးတက်လာရန်အတွက် ယခုကဲ့သို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါဟာ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ နှစ်နိုင်ငံဆက်ဆံရေး စိန်ခေါ်ချက်တွေကြောင့် နှောင့်နှေးခဲ့ရတဲ့ လုံခြုံရေး အကူအညီဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ရေရှည်အတွက် ပြန်လည်စတင်မယ့် အစီ အစဉ်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်” ဟု အမေရိကန်အစိုးရ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် Marie Harf က ပြောကြားလိုက်သည်။

ယခုကဲ့သို့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ရန်တိုးမြှင့်ခြင်းမှာ အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့်ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ တွေ့ဆုံရာမှ တစ်ဆင့် စတင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပြောစရာတွေ အများကြီးရှိပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေးလောက် အရေးကြီးတာဘာမှ ရှိမှာမဟုတ်ပါဘူး” ဟု ကယ်ရီကတွေ့ဆုံမှုအစပိုင်းတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ “ဒီမိုကရေစီစနစ်မှာ တိုင်းပြည်စီးပွားရေးတိုးတက်ရန်နှင့် သူပုန်များအား နှိမ်နင်းရန်ကြိုး ပမ်းနေသည့် စနစ်တစ်ခုဖြစ်သည့်အပြင် ဒေသတွင်းတည်ငြိမ်မှုအတွက် အရေးပါသည်” ဟုလည်း ၎င်းက ပြောကြားလိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်က မေလတွင် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရပြီး တောင်အာရှဒေသ တွင်းရှိ တင်းမာမှုများအား လျှော့ချရန် ကြိုးပမ်းသည့် ၎င်း၏ဆောင်ရွက်ချက်အား ၀ါရှင်တန်အစိုးရမှ ချီးမွှမ်း ထောပနာ ပြုလိုက်သည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ ကျဆင်းခဲ့သော နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ၎င်းအာဏာရလာပြီး နောက်ပိုင်းတွင် တိုးတက်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အမေရိကန်အသေခံတပ်သားများမှ ပါကစ္စတန်နိုင်ငံတွင်းရှိ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်အားဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့ခြင်းနှင့် အမေရိကန် လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း ပါကစ္စတန်စစ်သား ၂၄ ဦး သေဆုံးခဲ့ခြင်းကြောင့် ယခုကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်များအတွင်း၌ အမေရိကန်နိုင်ငံ၏ ကန်ဒေါ်လာ ၈၅၇ သန်းတန် အရပ်ဘက်ဆိုင်ရာ အကူအညီများဆက်လက် ပေးအပ်နိုင်ခဲ့သော်လည်း လုံခြုံရေးဆိုင်ရာ အကူအညီများမှာမူ အဆက်ပြတ်ခဲ့ရသည်။
mizzima news

0 comments:

Post a Comment