Pages

Monday, October 21, 2013

ပန်းလှိုင်ဂေါက်ကွင်းတွင် ဂျပန်နိုင်ငံသားတစ်ဦး ရုတ်တရက်လဲကျသေဆုံး


လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းတွင် ဂေါက်ရိုက်နေသည့် ဂျပန်နိုင်ငံသားတစ်ဦး ရုတ်တရက် လဲကျသေ ဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကို နံနက် ၁၁ နာရီခန့်အချိန် မြို့နယ်ရဲတပ်ဖွဲ့စခန်းက သွားရောက်စစ်ဆေးခဲ့ကြကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

သေဆုံးသူမှာ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်း၊ ကံ့ကော်ကွန်ဒိုတွင် နေထိုင်သည့် Mr. Sadao Chigira (၆၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။ ၎င်းသည် ဖူဂျီကူလာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ၏ အထွေထွေမန်နေဂျာတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Mr.Sadao သည် ဂေါက်ရိုက်ကစားနေစဉ် ကျင်းအမှတ်(၆)အရောက်တွင် အသက်အရွယ်ကြီးရင့်ပြီး နေပူ ရှိန်ဒဏ်ကြောင့် ရုတ်တရက် လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အလောင်းကို စစ်ဆေးရာတွင်လည်း ပြင်ပဒဏ်ရာမတွေ့ရှိရသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာ ဆေးရုံက ပီအာရ် ၂၅ ဖြင့် လက်ခံစစ်ဆေးနေသည်။

ယင်းသေဆုံးမှုကို ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ် ဆက်လက်စစ်ဆေးပေးရန် ရဲအုပ်ဌေးဝင်းက တိုင် တန်းသဖြင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု ဆိုသည်။

Mizzima

0 comments:

Post a Comment