အင်ခါးဂါးကျေးရွာအနီးတွင် လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကြောက်ရွံ့ကာ ပိုတာအိုမြို့နယ်ရှိ နောင်ခိုင်နှစ်ခြင်းဘုရားကျောင်းနှင့် မချမ်းဘော့မြို့ရှိကချင်နှစ်ခြင်း ဘုရားကျောင်းများရှိ စစ်ရှောင်စခန်းများရှိ စစ်ဘေးဒုက္ခသည်များအား ယနေ့ မချမ်းဘော့မြို့ရှိ ဗျူဟာမှူးကိုယ်တိုက်လာရောက်ပြီး မိမိဒေသသို့ ငြိမ်းချမ်းပြီဖြစ်ပြီး ဖြစ်နိုင်ပြီးဖြစ်ကြောင်းနှင့် ပြန်မည်ဆိုပါက ၎င်းကိုယ်တိုင် ကူညီသွားမည်ဖြစ်ကြောင်းသွားရောက်ပြောဆိုခဲ့သည်။
နံနက်ပိုင်းတစ်ကြိမ်နှင့် ညနေပိုင်းတစ်ကြိမ် စုစုပေါင်း (၂)ကြိမ်လာရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော်စစ်ဘေးဒုက္ခသည်များမှလည်း မပြန်ချင်ကြကြောင်းပြောဆိုခဲ့ကြသည်။
(၁) ဗျူဟာမှူးမှ စစ်ဘေးဒုက္ခများအား `ခင်ဗျားတို့ပြန်ချင်လို့ပြောသံကြားလို့လာခဲ့တာ။ ပြန်မယ်ဆိုရင် ပြန်လို့ရပြီ။ ကျွန်တော်ကိုယ်တိုင်လိုက်ပို့ဆိုလည်း လိုက်ပို့မယ်။ လိုအပ်တဲ့အကူအညီတွေလည်းပေးမယ်။ မပြန်ချင်လည်ဘာမှမလိုဘူး အတင်းအဓမပြန်ခိုင်းတာမျိုးမလုပ်ဘူး။ ´ဟု ပြောဆိုသွားကြောင်းသိရသည်။
(၂) စစ်ဘေးဒုက္ခသည်များမှလည်း `ငြိမ်းချမ်းရေး လက်မှတ်မထိုး မချင်းမပြန်တော့ဘူး။ ဒီစခန်းက အသင်းတော်ကလူတွေ မကျွေးနိုင်လည်း မိမိကိုယ်မိမိ ရှာဖွယ်စားသောက်ပြီး ဒီမှာပဲ နေထိုင်သွားမည်။´ဟု ပြန်လည်ပြောဆိုခဲ့ကြောင်းသိရသည်။
(၃) အင်ခါးဂါးကျေးရွာတွင် ကျန်ရှိနေသည့် ဒေသခံများကိုမှု မချမ်းဘော့သို့ နေချင်သော်လည်း အခုချိန်အထိ ပြန်ခွင့်မရှိသေးပေ။
(၄) အင်ခါးဂါးမှ လွန်ခဲ့သည့် ရက်အတွင်း ဒေသခံ ၄ ဦး မချမ်းဘော့သို့ ဆေးကုသရန် ရောက်ရှိခဲ့သည်။ ထိုဒေသခံများကိုလည်း ဆေးကုသပြီးစီးပါက အင်ခါးဂါးသို့ ပြန်လာမည်ဟု ခံဝန်ကတိလက်မှတ် ထိုးခိုင်းကာ လာခိုင်းခြင်းဖြစ်ကြောင်းလည်းသိရသည်။
(၅) စစ်ဘေးဒုက္ခသည်များ မိမိဒေသသို့ မပြန်ချင်သည့် အဓိကအကြောင်းအရင်းမှာ ၎င်းတို့၏ ကျေးရွာတစ်လျှောက်တွင် တပ်မတော်မှ အင်အားတိုးချဲ့ထားခြင်းကြောင်း စစ်ပြန်ဖြစ်လာမည်ကို စိုးရိမ်ပြီး မပြန်ချင်ကြခြင်းဖြစ်ကြောင်းလည်းသိရသည်။
kachinwavesnews
0 comments:
Post a Comment