အာဖရိကမြောက်ပိုင်းက ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ စက်လှေ မြေထဲပင်လယ်တောင်ပိုင်းမှာ နစ်မြုပ်ခဲ့လို့ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီးနောက် အီတလီ ရေတပ်ဟာ ကင်းလှည့်မှုတွေကို သုံးဆတိုး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဝေဟင်ကနေ လေယာဉ်တွေနဲ့ ကင်းလှည့်မှုတွေကိုလည်း တိုးချဲ့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခုလို ဆောင်ရွက်မှုတွေကို စစ္စလီကျွန်း၊ မော်လ်တာနိုင်ငံနဲ့ လစ်ဗျား ကမ်းခြေ အကြားက ကမ်းလွန် ပင် လယ်ပြင် နေရာမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အဲဒီ ပင်လယ်ပြင် တဝိုက်မှာ အခုလအတွင်း ရွှေ့ပြောင်းဝင်ရောက် လာသူတွေရဲ့ စက်လှေ ၂ စီး နှစ်မြုပ် ခဲ့လို့ လူရာနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
လူပေါင်း ၁၃၇ ဦး တင်ဆောင်လာတဲ့ နောက်ထပ် စက်လှေတစ်စီးကတော့ လမ်ပီဒူဇာကျွန်းကို အန္တရာယ် ကင်းစွာ ရောက်ရှိခဲ့ပါတယ်။
အီတလီနဲ့ မော်လ်တာ နိုင်ငံတို့ကတော့ အီးယူနိုင်ငံတွေဆီက အကူအညီရဖို့ ရှေ့လမှာ ကျင်းပမယ့် အီးယူ အစည်း အဝေးမှာ ဖိအားပေးသွားမယ်လို့ ပြောပါတယ်။
BBC
0 comments:
Post a Comment