Pages

Wednesday, October 16, 2013


နားအကြားအာရုံ ထိခိုက်နေသူများကို ဂျာမနီနိုင်ငံသား နားရောဂါအထူးကု ဆရာဝန်နှစ်ဦး လာရောက်၍ အောက်တိုဘာလ ၂၈ ရက်မှ ၃၁ ရက်အထိ အခမဲ့ ဆေးကုသမှု ပေးမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်က ပြောကြားသည်။

နားစည်ပေါက်ခြင်း၊ ပြည်ယိုခြင်း၊ နာတာရှည် နားပြည်ယိုခြင်း၊ အလယ်နား အရိုးခိုင်ရောဂါ၊ နားလေးခြင်း၊ မွေးရာပါ နားလေးခြင်း၊ အာရုံကြော ချို့တဲ့နားလေးခြင်း ဝေဒနာရှင် များသည် အောက်တိုဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးတွင် လာရောက် စာရင်းပေး သွင်းနိုင်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

"ခွဲစိတ်ခကတော့ အခမဲ့ပါပဲ။ ဒါပေမဲ့ တချို့နားကြားပစ္စည်း ကိရိယာတွေ အတွက်တော့ လူနာရှင်တွေက ပေးရမယ်" ဟု အထူးကုဆရာဝန် ဒေါက်တာ ဝင်းထိုက်ကြည်က ဆိုသည်။

အဆိုပါ ဆေးကုသမှု အစီအစဉ်တွင် နားအရိုး ခိုင်ခြင်းနှင့် နားအရိုးတု တပ်ဆင် ခြင်းတို့၌ လိုအပ်သည့် ပစ္စည်းများကို လှူဒါန်းသွားမည် ဖြစ်ပြီး ယင်းပစ္စည်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၅၀ တန်ဖိုး ရှိကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး တာဝန်ရှိသူများထံက သိရသည်။

ဂျာမနီ နားအထူးကု ဆရာဝန်ကြီး များသည် ၂၀၁၀ ပြည့်နှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် အခမဲ့ ဆေးကု သမှု အစီအစဉ် စတင်ခဲ့ပြီး ယခုအကြိမ် လာရောက် ဆေးကုသခြင်းသည် ငါးကြိမ်မြောက် ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။


The Voice Weekly 

0 comments:

Post a Comment