Pages

Tuesday, October 22, 2013

အော်စကာဆုကို ရင်မခုန်နိုင်သေးဘူးဆိုသူ ကိတ်ဝင်းစလက်


တိုင်တန်းနစ် မင်းသမီး ကိတ်ဝင်းစလက်သည် တတိယ ကိုယ်ဝန်ကိုသာ ဂရုစိုက်လျက် ရှိပြီး နောက်တစ် ကြိမ် အော်စကာ ဆုရရန် အတွက် အာရုံမစိုက် နိုင်သေးကြောင်း ၄င်းပါဝင် သရုပ်ဆောင်ထားသည့် Labor Day ရုပ်ရှင်ဇာတ်ကား သစ် မိတ်ဆက်ပြသရန် လန်ဒန်သို့ ရောက်ရှိလာစဉ် ပြောကြားခဲ့သည်။

ကိတ်ဝင်းစလက်သည် ၂ဝဝ၈ ခုနှစ်က နာဇီ စစ်ရာဇဝတ်မှုများအကြောင်း ရိုက်ကူး ထားသော The Reader’ ရုပ်ရှင် ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်။

”ဆုပေးပွဲကို ခေါင်းထဲမှာ မရှိနိုင်သေးဘူး။ ကလေးအတွက်ပဲ ဂရုစိုက် နေရတယ်။ ဆုပေးပွဲ ရောက်ပြီဆိုတာနဲ့ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကား ရှိရှိ၊ မရှိရှိ ရင်ခုန်ရတယ်။ ဘာကားတွေ ထွက်လာမလဲ။ မျက်နှာသစ် လူငယ် တွေလည်း အများကြီး တွေ့ရတယ်။ ဒီနှစ်ကတော့ ရုပ်ရှင် ဇာတ်ကား အတွက် ရင်ခုန်ရမယ့်နှစ် လို့ ကျွန်မ ထင်တယ်” ဟု ကိတ်က ပြောသည်။

Labor Day ရုပ်ရှင်ဇာတ်ကားသည် ဒုက္ခသုက္ခများ ရင်ဆိုင်ဖြေရှင်းရသည့် တစ်ခုလပ် မိခင်နှင့် သားငယ်၏ ဘဝကို ရိုက်ကူးထားခြင်း ဖြစ်သည်။

၎င်းရုပ်ရှင် ဇာတ်ကား၌ ဂျော့(ရှ်)ဘရိုလင်းနှင့် ကိုဘေးမာကွင်း စသည့် သရုပ်ဆောင် များလည်း အားဖြည့် သရုပ်ဆောင်ထားကာ ဝေဖန်ရေး သမားများ ၏ ချီးကျူးမှုကို ရရှိ ခဲ့ပြီး ဖြစ်သည်။ ၈၆ ကြိမ်မြောက် အော်စကာ ဆုပေးပွဲကို ၂ဝ၁၄ ခုနှစ် မတ်လ ၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။

သိင်္ဂီဝင်း

0 comments:

Post a Comment