Pages

Tuesday, October 22, 2013

ဘုရားမီးပူဇော်ရာမှ မြိတ်ဘုရားကြီးညောင်ရိပ်သာကျောင်း မီးလောင်


တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက် သာကေတလမ်းရှိ ဘုရားကြီးညောင်ရိပ်သာကျောင်း၌ ကျောင်းနေ ကပ္ပိယ ဘုရားမီးပူဇော်ရာမှ အဆိုပါဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်တိုဘာလ(၂၁)ရက် ညနေ(၄)နာရီအချိန်က ဘုန်ကြီးကျောင်းနေ ဦးဘချစ်၏သား ကပ္ပိယ ဦးဖိုးညိုသည် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားရာ ပျဉ်ထောင် ပျဉ်ခင်း ဘုန်းကြီးကျောင်းတစ်ဆောင် မီးလောင်ခံရပြီး ဘုန်းကြီး ကျောင်း ပိုင် သင်္ကန်းတန်ဖိုး ကျပ်ငါးသိန်းကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ ရကြောင်း သိရသည်။

 တရားခံ ဦးဖိုးညိုအား တာဝန်ရှိ ရဲတပ်ဖွဲ့မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ပ/၅၅၀/၁၃)အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

“ မီးလောင်မှု ဖြစ်တဲ့ နေရာကို မီးသတ်ကား(၃)စီးနဲ့ အရံမီးသတ်ကား(၉)စီး သွားရောက်ငြှိမ်းသတ်ခဲ့ရပါတယ်၊ ညနေ (၄)နာရီ မိနစ် (၅၀)မိနစ်မှာ မီးငြိမ်သွားခဲ့ပါတယ်” ဟု တနင်္သာရီတိုင်းရုံးမှ ဒုတပ်ကြပ် ဦးအောင်အောင် က ပြောသည်။

အဆိုပါ ဘုန်းကြီးကျောင်းမီးလောင်မှုကြောင့် ယင်းကျောင်း၌ သီတင်းသုံးလျက်ရှိသည့် သံဃာတော် (၃)ပါး နှင့် ကိုရင်(၁) ပါးသည် မြတ်မြို့ ခရုတောရပ်ကွက်ရှိ ရွှေကျောင်းတွင် ခေတ္တသီတင်းသုံးလျက်ရှိကြောင်း၊ မီးလောင်မှုကြောင့် ဘုရားကြီး ညောင်ရိပ်သာ တစ်ကျောင်းလုံး ပျက်စီးဆုံးရှုံးခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ အသေးစိတ် မသိရှိရသေးပေ။

မြစ်မခ

0 comments:

Post a Comment