Pages

Friday, October 25, 2013

အလှူခံမဏ္ဍပ်ရှေ့ အရှိန်ပြင်းစွာ မောင်းခဲ့သည့် ယာဉ်မောင်းကို အမှုဖွင့်ဖမ်းဆီး

အလှူခံမဏ္ဍပ်ရှေ့တွင် အရှိန်ပြင်းစွာမောင်းနှင်ခဲ့သည့် ယာဉ်မောင်းတစ်ဦးကို အလှူခံအဖွဲ့က တိုင်ကြား လိုက်သဖြင့် တိုက်ကြီးရဲစခန်းက အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

အမှုကို ဂျိုးဖြူကျေးရွာအုပ်စု အလှူခံအဖွဲ့ခေါင်းဆောင် ဦးမောင်မြင့်(၃၈)နှစ်နှင့် အဖွဲ့က ရဲစခန်းသို့ လာ ရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

၎င်းတို့သည် နံနက် ၁၀ နာရီခွဲက သရက်ကုန်းကျေးရွာ၊ ရွာလယ်လမ်းမအလှူခံမဏ္ဍပ်တွင် အလှူခံနေစဉ် အောက်ကျော်သီဟ မောင်းနှင်သည့် ဟီးနိုးအဖြူ/အစိမ်းကြား အုတ်တင်ယာဉ်က အလှူခံမဏ္ဍပ်ရှေ့ အရောက်တွင် အရှိန်ပြင်းစွာမောင်းနှင်ခဲ့သည်ဟု တိုင်တန်းထားသည်။

ယင်းသို့မောင်းနှင်မှုကြောင့် အလှူခံအဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာမရရှိသော် လည်း ယာဉ်မဆင်မခြင်မောင်းသူကို ဖမ်းဆီးအရေးယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့ က ဆိုသည်။

ထို့ကြောင့် ယာဉ်မောင်းဖြစ်သူ အောင်ကျော်သီဟ(ခ)ဟာဘောကို အရေးယူပေးရန် ဒု-ရဲအုပ် တင်မျိုး ဇော် က တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ တိုင်တန်းမှုကို တိုက်ကြီးရဲစခန်းက ယာဉ်(ပ)၅၄/၂၀၁၃ ဖြင့် အမှုဖွင့် ပြီး တိုင်တန်းခံရသည့် ယာဉ်မောင်းကို ဖမ်းဆီးစစ်ဆေးနေကာ ပုဒ်မ ၂၇၉ ဖြင့် အရေးယူသွား မည်ဟု တိုင်းရဲတပ်ဖွဲ့ကဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

0 comments:

Post a Comment