Pages

Friday, October 18, 2013

သြစီတောမီးလောင်မှုကြောင့် အနည်းဆုံး လူ ၁ဦး သေဆုံး


သြစတြေးလျနိုင်ငံ အရှေ့ပိုင်း New South Wales ပြည်နယ်မှာ ဆယ်နှစ်ကျော်ကာလအတွင်း အဆိုးဝါးဆုံး တောမီးလောင်မှု ဖြစ်နေပြီး လူတစ်ဦး သေဆုံးခဲ့သလို အနည်းဆုံး အိမ်အလုံးပေါင်း တစ်ရာလောက် မီးထဲပါသွားနိုင်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ခုချိန်ထိ သေချာ စစ်ဆေးမှုတွေ မလုပ်နိုင်သေးတဲ့အတွက် အိမ်အလုံးပေါင်း တစ်ရာလောက် မီးထဲပါ သွားတယ်လို့သာ ခန့်မှန်းထားတာဖြစ်ပြီး ဒိထက်များပြားနိုင်သလို လူအသေအပျောက်လည်း ရှိနိုင်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံသားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ Blue Mountains ဒေသမှာ မီးလောင်နေတဲ့အပြင် Murrays ကမ်းခြေရှိရာ ကမ်းရိုးတန်းတလျောက်မှာ တောမီး အခုပေါင်း ၉၀ လောက် လောင်နေတာ ဖြစ်ပါတယ်။ အဲဒီထဲက တောမီးလောင်မှု အခု ၂၀ ဟာ ဆိုးဝါးတဲ့ အခြေအနေမှာ ရှိနေပါ တယ်။

ဒီကနေ့မှာ ရာသီဥတုက ပိုအေးမှာ ဖြစ်ပေမယ့် လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် တောမီးကို လွယ်လွယ်နဲ့ ထိန်းသိမ်းနိုင်မယ့် အခြေအနေ မရှိသေးတဲ့အတွက် Blue Mountains ဒေသက တချို့နေ ရာတွေမှာ စာသင်ကျောင်းတွေ ပိတ်ထားပြီး လမ်းမတွေကိုလည်း ပိတ်ချထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ခုအချိန်ဟာ နွေဦးရာသီဖြစ်ပြီး နွေဦးနဲ့ နွေရာသီကာလအတွင်း တောမီးလောင်မှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် နေအိမ်ပျက်စီးမှုတွေ၊ လူအသေအပျောက်တွေ နည်းပါးလေ့ရှိပြီး ဒီတချီ တောမီး လောင်မှုမှာ အိမ်အလုံးပေါင်း တစ်ရာလောက် မီးထဲပါသွားတာ ဖြစ်ပါတယ်။

ABC Radio


0 comments:

Post a Comment