အောက်တိုဘာလ (၂၀)ရက်နေ့ကူးစအချိန်တွင် တာမွေမြို့နယ်နေ မောင်ဝေယံမင်း နှင့် စမ်းချောင်းမြို့နယ် နေ မမေမင်းထက်အောင်တို့(၂)ဦးသည် ဆိပ်ကမ်းမြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ဗိုလ်တထောင်ဘုရားလမ်း တွင်လမ်းလျှောက်လာစဉ် အရက်မူးနေသော အမည်မသိလူငယ်(၃)ဦးသည် နောက်မှလိုက်လာပြီး အဆိုပါ လူငယ် (၃)ဦးအနက် အိတ်လွယ်ထား သော လူငယ်မှ မောင်ဝေယံမင်းအား အိတ်ဖြင့်(၃)ချက်ရိုက်၍ စာအုပ် များနှင့်ငွေကျပ်(၁၀၀၀၀) ကျော်ခန့်ပါ မောင်ဝေယံမင်းလွယ်ထားသောကျောပိုးအိတ်မှာ ပြုတ်ကျ သွားခဲ့ပါသည်။
အဆိုပါလူငယ်မှ ဆက်လက်၍ မမေမင်းထက်အောင်အား ရိုက်မည်ပြုသဖြင့် မောင်ဝေယံမင်း မှကာကွယ်ပြီး ပတ်ဝန်းကျင်အား အကူအညီတောင်းခံစဉ် အဆိုပါလူငယ်(၃)ဦးသည် မောင်ဝေယံမင်း၏ကျောပိုးအိတ်အား ယူဆောင် ထွက်ပြေးသွားခဲ့ပါသည်။
http://wp.me/p1uw9S-cum
0 comments:
Post a Comment