Pages

Monday, October 28, 2013

ကချင်အရေး အမေရိကန်သံရုံးသတင်းထုတ်ပြန်ချက်


၁။ သံအမတ်ကြီးဒဲရက်မစ်ချယ်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ယခုလ ၂၄ရက် မှ ၂၆ ရက်အထိ အလည်အပတ်ခရီးသွားရောက်ခဲ့ပါသည်။ ယခုခရီးစဉ်သည် သံအမတ်မစ်ချယ် ၏ မြစ်ကြီးနားမြို့သို့ သွား ရောက်ခဲ့သည့် ဒုတိယအကြိမ်ခရီးစဉ်ဖြစ်ပါသည်။ သူ၏ ပထမအကြိမ် ခရီးမှာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာဖြစ် ပါသည်။ ကချင်ပြည်နယ်၏ ချမ်းသာမှုနှင့် ယဉ်ကျေးမှုကို အမေရိကန်အစိုးက နားလည်မှုတိုးပွားစေ ရန်အတွက် သံမတ်ကြီးမစ်ချယ်သည် အစိုးရ၊ စစ်ဘက်၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးခေါင်း ဆောင်များကိုတွေ့ဆုံ၍ ပြည်နယ်၏ လက်ရှိနိုင်ငံရေး နှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများကိုဆွေးနွေးကာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒနှင့်အညီ အမြင်ချင်းဖလှယ်ခဲ့သည်။

၂။ ပြည်ထောင်စုအစိုးရနှင့် ကေအိုင်အိုအကြား ယခုလ ၁ဝ ရက်က သဘောတူညီချက်သည် နှစ်ဦးနှစ် ဖက်စလုံး၏ ယုံကြည်မှုမြင့်မားရေးကိုတည်ဆောက်နိုင်သည့်အတွက် အားပေးအားမြှောက် ပြုပါကြောင်း၊ အပြန်အလှန် တစ်ဦးကိုတစ်ဦးသည်းခံခြင်းအပါအဝင် နီးနီးကပ်ကပ် ဆက်လက် ဆက်သွယ်ခြင်းဖြင့် အဆို ပါသဘောတူညီမှုကို အပြောင်းအလဲမရှိဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်များသည် လာမည့် သီတင်းပတ်များအတွင်း အတိမ်းအစောင်းမခံသော ကိစ္စရပ်များ ဖြစ်သည်ဟု ရိုးသားစွာပြော ကြားလိုပါကြောင်း၊ အပြန်အလှန် ယုံကြည်မှုလွဲမှားနေသည်များကို ကျော်လွှားနိုင်ရေးအတွက် အခြေအနေ များကိုအချိန်ကြာမြင့်စွာဖန်တီးရမည်ဖြစ်ပါကြောင်း၊ ကချင် ပြည်နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ်များ နှင့်လူနေမှုဘဝထိခိုက်စေမည့်ကိစ္စရပ်များကို နှစ်ဖက် စလုံးကရှောင်ရှားကြရန်တိုက်တွန်းပါကြောင်း၊ အထူးသဖြင့် ကျေးရွာများနှင့် ဒုက္ခသည်စခန်းရောက် ပြည်သူများဖြစ်ပါကြောင်း၊ အမေရိကန်ပြည် ထောင်စုသည် သေရေးရှင်ရေးတမျှ အကျပ်အတည်း ဆိုက်နေသော ကချင်ပြည်နယ်၏ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် စိတ်အားထက်သန်စွာ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

The Union Daily

0 comments:

Post a Comment