စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ၀င်းယူနတီ ဟော်တယ်တွင် တည်းခိုနေ ထိုင်ရန်ရောက်ရှိ နေသည့် သမီးရည်စား စုံတွဲတစ်တွဲသည် ကောင်းကလေးမှ ကောင်မလေး၏ ရွှေလက် ကောက်နှစ် ကွင်းအား ခိုးယူ၍ ပေါင်နှံသုံးစွဲခဲ့သည့်အတွက် ကောင်းမလေးမှ မကျေနပ်ဟုဆိုကာ ရဲထံတိုင် ကြားခဲ့သည့်အတွက် ရဲစခန်းက ကောင်လေးအား အမှုဖွင့်အရေးယူလိုက်ကြောင်း ရဲဝန်ထမ်းတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
မုံရွာမြို့ စီးပွားရေး တက္ကသိုလ်တွင် ကျောင်းတက်ရောက်ခဲ့ပြီး နေရပ်သို့ပြန်လည်ခြင်းမပြုဘဲ မုံရွာမြို့ ရန်ကင်းရပ်ကွက်၊ အာ သောကဘုန်းကြီးကျောင်းတိုက်အနီးတွင် အိမ်ငှားဖြင့်နေထိုင်၍ စာရင်းအင်းပညာ ရပ်များဆိုင်ရာ သင်တန်းတက်ရောက်နေ သူ မ….. ဆိုသူသည် ချစ်သူရည်းစားဖြစ်သူ၏ ချိန်ဆိုချက် များအရ ယခုလ ၅ ရက်နေ့ခန့်က ၀င်းယူနတီဟော်တယ်၌ တည်းခို နေထိုင်ရန် သွားရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသူနှစ်ဦးသည် ထိုနေ့က မဟာဗောဓိတစ်ထောင်ဘုရားကြီးအား နှစ်ကိုယ်တူ ဖူးမျှော်ရန်သွား ရောက်ခဲ့ကြသေးသည်။ ထိုမှ အပြန် ဟော်တယ်ရှိ အခန်းနံပါတ် (၄၁၁)အခန်းသို့ဝင်ရောက်၍ တည်းခိုနေ ထိုင်ခဲ့ကြသည်။ ထိုအချိန်၌ မ….ဆိုသူသည် ပလက်တီနမ်မှုတ်ထားသည့် ရွှေထည်တစ်ကျပ်သားခန့်ရှိ ရွှေလက်ကောက်နှစ်ကွင်းအား သူမ၏ လက်ကိုင်ပိုက်ဆံအိတ် အတွင်း၌ ထည့်ထားခဲ့သည်။
ထို့နောက် ညစာစားသုံးရန်အတွက် ပြင်ပသို့သွားရောက်သည့်အခါ ၎င်း လက်ကိုင်ပိုက်ဆံအိတ်အား ထိုသူတို့ တည်းခိုနေ ထိုင်ခဲ့သည့် အခန်းအတွင်း၌ထားခဲ့ကြောင်း သိရသည်။ ထို့နေ့က ညနေ ၆ နာရီဝန်း ကျင်ခန့်တွင် သူမမှ ၎င်းငှားရမ်းနေထိုင် သည့် နေအိမ်သို့ ပြန်လည်သွားခဲ့သည်။
နေအိမ်သို့ပြန်လည်ရောက်ရှိသည့်အခါ လက်ကိုင်ပိုက်ဆံအိတ်အတွင်းထည့်ထားရှိသည့် ရွှေလက်များ ပါမလာတော့ကြောင်း သူမမှသိရှိရသည့်အတွက် ရည်းစားဖြစ်သူ ကို ….ထံ ဖုန်ဖြင့် ဆက်သွယ်မေးမြန်း ခဲ့ကြောင်း သိရသည်။ သူမ၏ ရည်စားဖြစ်သူ မှလည်း ရေအလက်ကောက်များရယူထားခြင်းမရှိကြောင်း ငြင်ဆိုပြောကြားခဲ့သည်ဟု သိရသည်။
ထို့အတွက်ကြောင့်မို့ သူမဖြစ်သူမှ ယခုလ ၂၆ ရက်နေ့ ညနေပိုင်းအချိန်က မုံရွာမြို့မရဲစခန်းသို့ သွားရောက် ၍ ရည်းစားဖြစ်သူ ကို … အား အရေးယူပေးပါရန် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုင်တန်းချက်အား ရဲစခန်းက(ပ) ၅၅၇/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အမှုစစ်ရဲအရာရှိများ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သူမ၏ လက်ကိုင်ပိုက်ဆံအိတ်အတွင်းမှ ပျောက်ဆုံး သွားခဲ့သည့် ရွှေလက်ကောက်နှစ်ကွင်းသည် နန်ချွန် အမိန့်ရ အပေါင်ဆိုင်ကြီးတွင် ပေါင်နှံထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ မြို့မိမြို့ဖများ၏ ဝေဖန်သုံးသပ်ချက်များအရ အယုံလွယ်သူနှင့် အကြုံတွယ်သူတို့၏ ဖြစ်လေ့ဖြစ်ထရှိသော ပြသနာတစ်ရပ်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ အမျိုးသမီးငယ်များအနေဖြင့် အလားတူပြ သနာကိစ္စရပ်များ မပေါ်ပေါက်စေရန် ဆင်ခြင်နှလုံးသွင်းစေဖို့ ပညာပေးရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။
စည်းကမ်းမကျတဲ့အချစ်နဲ့ နည်းလမ်းမကျတဲ့မေတ္တာ ပေါင်ဆုံလာသည့်အခါတိုင်း ယင်းကဲသို့သော ပြသနာများ ဖြစ်ပွားလေ့ရှိကြောင်း မိန်းကလေးငယ်များ နမူနာရယူကြပါကုန်လေသတည်း….။
ကိုတိုး(ချင်းတွင်း)
သတင်းပေါင်းစုံ
0 comments:
Post a Comment