Pages

Monday, October 28, 2013

အစိုးရ နှင့် KIO တို့ ငြိမ်းချမ်းရေး သဘောတူညီမှု ခုနှစ်ချက်တွင် သုံးချက် ပျက်ပြယ်သွားဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်ပြော


ပြည် ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီနှင့် KIO တို့ကြား ငြိမ်း ချမ်းရေးအတွက် သဘောတူချက် တချို့ပျက်ပြယ်သွားပြီဟု ကချင် ငြိမ်းချမ်းရေးကွန်ရက်မှ ညှိနှိုင်း ရေးမှူး ဒေါ်ခွန်ဂျာကပြောသည်။

အောက်တိုဘာ၂၆ရက်က မြေနီကုန်းပလာဇာတွင်ပြုလုပ် သော ငြိမ်းချမ်းရေးသဘောတူညီ ချက် လက်မှတ် ရေးထိုးပြီးနောက် ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော ခဲ့ခြင်းဖြစ်သည်။

''ထိုးထားတဲ့သဘောတူညီ ချက်ကို ၁ဝရက် အတွင်းမှာ ဖောက် ဖျက်တာဖြစ်ပါတယ်။ ခုနစ်ချက်မှာသုံးချက်တိတိ ဖောက်ဖျက်သွားပြီ ဖြစ်တယ်''ဟု ယင်းက ပြောသည်။သဘောတူလက်မှတ်ရေး ထိုးထားသည့် ခုနစ်ချက်တွင် ၂၀၁၃ ခုနှစ် မေလ၂၈မှ၃၁ရက် အတွင်း ဆွေးနွေး ပွဲရလဒ်များကြောင့် ပစ် ခတ်တိုက်ခိုက်မှု များ လျှော့ချနိုင် ခြင်း၊ နှစ်ဖက် ထိတွေ့ဆက်ဆံမှု များ တိုးတက်ဆောင်ရွက်နိုင်ခြင်း တို့အပေါ် နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့မှအသိအမှတ်ပြုပြီး ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွား စေရေးကို ဆက်လက်ညှိနှိုင်းဆောင် ရွက်ရန် သဘောတူညီဟုဆိုသော အချက်အပါအဝင် အချက်သုံး ချက်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်း ရေးကွန်ရက်မှ ညှိနှိုင်းရေးမှူးများ က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ် စားလှယ်အဖွဲ့တို့သည် ကချင်ပြည် နယ် မြစ် ကြီးနားမြို့ မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမတွင် အောက် တိုဘာ၈ရက်မှ၁ဝရက်အထိ အ ပစ်အ ခတ်ရပ်စဲရေးအတွက် တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူ ညီချက်ခုနစ်ချက်ကို လက်မှတ် ရေးထိုးခဲ့ ကြပြီးနောက် အောက် တိုဘာ၂၁ရက်မှစ၍ ကချင်ပြည် နယ်ရွာသုံးရွာတွင် တိုက်ပွဲများပြန် လည်ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

Yongon Media Group

0 comments:

Post a Comment