မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ မြောက်ကိုရီးယား စစ်သားတွေ အတွက် ပိုမို ကောင်းမွန် တဲ့ အခြေအနေ တွေကို ဖန်တီး ပေးမယ်လို့ပြောကြားကြောင်း သိရပါတယ်။ စစ်ဘက် အမှုထမ်း တွေကြား မှာ ပိုမို စည်းလုံးဖို့နဲ့ စည်းကမ်း ရှိကြဖို့ ကိုလည်း သူက တိုက်တွန်းထား ပါတယ်။ စစ်တပ်ဟာ အငယ်တန်း စစ်တပ် ကွပ်ကဲရေးမှူး တွေကို ပြုံရမ်းမြို့ တွေမှာ ၂ ရက်ကြာ အစည်းအဝေး ဆင့်ခေါ်ခဲ့ပြီး အဆိုပါ အစည်း အဝေးဟာ ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံး ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံဌာနက သတင်း ထုတ်ပြန်ခဲ့ ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင် ဟာ အဲ့ဒီ အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယား လူမျိုးတွေဟာ ကင်ရဲ့ အလုပ်သမားပါတီ ခေါင်းဆောင်မှု အောက်မှာ ပေါင်းစည်း ညီညွတ်ဖို့နဲ့ အခက်အခဲ စိန်ခေါ်မှု တွေကို ကျော်လွှားဖို့ ကင် က ပြောခဲ့ပါတယ်။ ကင်က သူဟာ စစ်သားတွေ အတွက် ကောင်းမွန် တဲ့ ရပ်တည်မှုနဲ့ မျှတတဲ့ လုပ်ငန်းခွင် ဖြစ်လာအောင် ပြုလုပ်ပေး သွားမှာ လို့လည်း ပြောသွား ပါတယ်။ မြောက်ကိုရီးယား အရေး စောင့်ကြည့် သူများ ကတော့ ကင်ရဲ့ မိန့်ခွန်းဟာ ပြုံရမ်းရဲ့ နျူကလီးယား လုပ်ရပ် တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ သဘောထား ကွဲလွဲနေခြင်း အတွက် စစ်တပ် အနေနဲ့ သူ့အပေါ် ပိုပြီး သစ္စာစောင့်သိ လာအောင် လုပ်တဲ့ မိန့်ခွန်းလို့ ပြောနေ ကြကြောင်း သိရပါတယ်။
0 comments:
Post a Comment