စစ်ကိုင်း တိုင်း၊ စစ်ကိုင်း မြို့ တွင် ရွှေပြည့်စုံ ဟိုတယ် နှင့် ဆွမ်းဦး ပုညရှင် ဘုရား တွင် ဗုံးပေါက်ကွဲ မှု များ ဖြစ်ပွား ခဲ့ပြီး နောက် မုံရွာ ခရိုင် ရဲ တပ်ဖွဲ့မှူး ရုံး အစည်း အဝေး ခန်းမ တွင် ဘေး အန္တရာယ် ကင်းရှင်းရေး အရေး ပေါ် အစည်း အဝေး ကျင်းပ ခဲ့ ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးမှ ဦးစီး ပထမတန်း အရာရှိ ဒုတိယ ရဲမှူးကြီး သန်းဆွေ က ပြောသည်။
ထို့ အပြင် ပေါက်ကွဲမှု အခြေ အနေ များ ကြောင့် အလားတူ ဖြစ်စဉ် များ ထပ်မံ မဖြစ်ပွား ရန် လူဝင်၊ လူ ထွက် များ ပြား သည့် နေရာ များ တွင် အရပ်ဝတ် ရဲဝန်ထမ်း များ ကို အထူး ကြပ်မတ် တာဝန် ပေးထား ကြောင်း ဒု ရဲမှူးကြီး ဦးသန်းဆွေ က ပြောသည်။
“မြန်မာ နိုင်ငံ ၏ မြို့ကြီး များ တွင် ဆက်တိုက် ဆိုသလို ဗုံး ပေါက်ကွဲ သည့် ဖြစ်စဉ် များ ပေါ်ပေါက် လာခြင်း သည် နိုင်ငံရေး ဂုဏ် သိက္ခာ များ ထိခိုက် ကျဆင်း စေရန် တမင် ကြံရွယ် ၍ လုပ်ဆောင် ခြင်း ဖြစ်သည်”ဟု အလုပ် ရုံ ဆွေးနွေး ပွဲ တွင် ဒု ရဲမှူးကြီး က ပြောကြား ခဲ့ သည်။
ဆွေးနွေးပွဲ တွင် မသင်္ကာ ဖွယ် ရာ လူ ပုဂ်္ဂိုလ် များ နှင့် ပစ္စည်း များ ကို တွေ့ရှိ ခဲ့ပါက အရေးပေါ် ဆက်သွယ် ရန် ဖုန်း နံပါတ် များ ကို ဆွေးနွေးပွဲ တွင် ပြောကြား ခဲ့ပြီး မုံရွာ မြို့ပေါ် ရှိ ဟိုတယ် များ၊ မိုတယ် များနှင့် တည်းခို ခန်း များ မှ လုပ်ငန်း ရှင် ၈၂ ဦး ကလည်း ၎င်းတို့ ၏ ဟိုတယ် များ တွင် #CCTV ကင်မရာ များ တပ်ဆင် ထားမှု အခြေ အနေ ကို ဆွေးနွေး တင်ပြ ခဲ့သည်။
ဗုံး ပေါက်ကွဲ မှု ဘေး အန္တရာယ် မှ ကင်းရှင်း စေရန် ကြိုတင် ပြင်ဆင် သည့် လုပ်ငန်း များ အား ဆွေနွေး ရာ တွင် ယခု ဖောက်ခွဲ လျက် ရှိသော ဗုံးများ သည် လက်လုပ် ဗုံး အမျိုးအစား များ ဖြစ်ပြီး၊ ယခင် က ချိန်ကိုက် ဗုံး များ မှာ ၂၄ နာရီ ခန့် သာ လျင် ချိန်ကိုက် ထားနိုင် သော် လည်း ယခု ဖောက်ခွဲ သော ဗုံးများ သည် အနည်း ဆုံး ၄၈ နာရီခန့် အကြာ အချိန် ကိုက် ထားနိုင် ကြောင်း ဆွေးနွေး ခဲ့ သည်။
အဆိုပါ အလုပ်ရုံ ဆွေနွေး ပွဲ ကို မုံရွာ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး ဦး ညွှန့်စိုး၊ မြို့နယ် စည်ပင် သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင် ၊ ခရိုင် ရဲတပ်ဖွဲ့ ရုံး ရဲမှူး တင်နွယ်ထွန်း နှင့် ဖိတ်ကြား ထား သည့် မြို့မိ၊ မြို့ဖ များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး များ၊ စီးပွား ရေး လုပ်ငန်း ရှင် စုစု ပေါင်း ၁၂၀ ကျော် တက် ရောက် ဆွေးနွေး ခဲ့ ကြောင်း သိရ သည်။
အောက်တိုဘာ လ ၁၅ ရက် နံနက် ၃ နာရီ ၄၅ မိနစ် က စစ်ကိုင်း မြို့ “ ရွှေပြည့်စုံ ” ဟိုတယ်၊ အပေါ်ဆုံး ထပ် ရှိ စားသောက်ခန်း တွင် ဗုံးပေါက် ကွဲ မှု တစ်ခု ဖြစ်ပွား ခဲ့ပြီး ထိုနေ့ နံနက် ၅ နာရီ ကျော် တွင် စစ်ကိုင်း မြို့ ဆွမ်း ဦး ပုညရှင် ဘုရား ကား ပါကင် တွင် လည်း ထပ်မံ ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့သည်။
ဗုံး ပေါက်ကွဲ မှုများ သည် အောက်တိုဘာ လ ၈ရက် တွင် တောင်ငူ မြို့ ၌ စတင် ဖြစ်ပွား ခဲ့သည်။ ထို လ ထဲတွင် ပင် ၁၃ ရက်နေ့ ၌ ရန်ကုန် မြို့ စော်ဘွားကြီး ကုန်း ကား မှတ်တိုင် အနီး တွင် ဗုံး ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့ပြီး ထိုနေ့ ညနေ ပိုင်း တွင် ပင် သာကေတ မြို့နယ်၊ မာန်ပြေ မှတ်တိုင် အနီး တွင် ထပ်မံ ပေါက်ကွဲ ခဲ့ပါ သည်။
ထို့အပြင် အောက်တိုဘာ လ ၁၄ ရက် က လည်း ရန်ကုန် မြို့၊အလုံ မြို့နယ် ရှိ Western Park 2 နှင့် မန္တလေး တွင် မပေါက် ကွဲ သေးသော ဗုံးတွေ့ ခြင်း၊ ဗုံးလန့် ခြင်း များ ဆက်တိုက် ဆိုသ လို ဖြစ်ပွား ခဲ့သည်။ အောက်တို ဘာ လ ၁၄ ရက် ညပိုင်း က ထရိတ်ဒါး ဟိုတယ် တွင် လူနေ ခန်း ထဲ ၌ ဗုံးပေါက်ကွဲ ခဲ့ပြီး အမေရိကန် အမျိုး သမီး တစ်ဦး ဒဏ်ရာ ရရှိ ခဲ့သည်။
ယင်း ကဲ့ သို့ ဗုံးပေါက် ကွဲ မှု ဖြစ်စဉ် များ ကြောင့် ပြည်သူ များ အနေဖြင့် လည်း ဘူတာ များ၊ ကားဝင်း များ၊ ကားဂိတ် များ၊ သင်္ဘော ဆိပ် များ၊ လူ စည်ကား ရာ နေရာ များ နှင့် လမ်းကြို လမ်းကြား များ တွင် မသင်္ကာ စရာ အထုပ် များ တွေ့ရှိ ပါက ဖွင့်ဖောက် ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေး မှူး များ ထံ နှင့် မြို့နယ် ရဲစခန်း များ သို့ ချက်ချင်း သတင်း ပေးပို့ ကြရန် လည်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ က ထုတ်ပြန် ထား သည်။
Mizzima
0 comments:
Post a Comment