Pages

Thursday, October 10, 2013

ကာယိနြေ္ဒပျက်စေမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အမှုဖွင့်ခံထားရ


ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အောက်တိုဘာ ၈ ရက် က အမှုဖွင့် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

(၁၀)ရပ်ကွက်၊ သံလွင်လမ်းနေသူ ဒေါ်------ ၎င်း၏ အိမ်ငှားဖြစ်သူ မ---- တန်ဖိုးနည်း ဆင်း ကတ်လျှောက်ထားသည့် ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးထံ လျှောက်လွှာလက်ခံပေးရန် ပြောရာ “ခင် ဗျား ဒီစကားတွေ လာမပြောနဲ့၊ မပေးဘူး” ဟု ပြောဆိုခဲ့ပြီး ဘာကြောင့် မပေးရတာလဲဟု မေးမြန်း ရာ တွင်လည်း “မ----က --- ဖြစ်နေ၍ မပေးတာ” ဟုပြောဆိုခဲ့ကြောင်း တရားလိုက ရဲတိုင်ရာတွင် ထည့် သွင်း ပြောထားသည်။

ထို့ပြင် ဒေါ်---အား ၎င်း၏ နေအိမ်ထဲမှ လမ်းစပ်ထိနောက်ကျောကို လက်ဖြင့် တွန်းထုတ်ပြီး ရင်ဘက်အား လက်ညှိုးဖြင့် ထိုး၍ “တိုင်ချင်ရာတိုင်” ဟု ပြောဆိုသဖြင့် အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် တိုင်တန်းခြင်း ဖြစ်သည် ဟု ဆိုထားသည်။`

ထိုတန်တန်းမှုကို ကမာရွတ်ရဲစခန်း က (ပ)၄၄၂/၂၀၁၃ဖြင့် အမှုဖွင့်၍ တိုင်တန်းခံရသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို စစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၅၄ ဖြင့် အရေးယူမည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

mizzima 

0 comments:

Post a Comment