Pages

Sunday, September 8, 2013

ဂြိုဟ်သားသတင်း အချိန်မီသိရှိနိုင်ရန် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမား တစ်ဦးကို ရီဟားနား ငှားရမ်း


 ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ရီဟားနားဟာ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို သိရှိနိုင်ဖို့အတွက် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမားတစ်ဦးကို ငွေပေးပြီး ငှားရမ်းခဲ့တယ်လို့ Dailystar သတင်းစာမှာ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ရီဟားနားဟာ ဂြိုဟ်သားတွေ အမှန်တကယ် ရှိတယ်လို့ ယုံကြည်သူ တစ်ဦး ဖြစ်ပြီး ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်မီ မသိရမှာစိုးတဲ့အတွက် ကယ်လီဖိုးနီးယား ပြည်နယ် မိုဟာဗီသဲကန္တာရထဲမှာ စခန်းချပြီး ပန်းကန်ပြားပျံတွေကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးကို အခု လိုငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

“ရီဟားနားက သူမရဲ့သက်တမ်းအတွင်းမှာပဲ ဂြိုဟ်သားတွေ ကမ္ဘာပေါ်ကို ဆင်းလာလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တာပါ” ဟု ရီဟားနာနဲ့ ရင်းနှီးသူတစ်ဦးက Dailystar သတင်းစာကို ပြောကြားခဲ့ပါတယ်။

ရီဟားနားဟာ အဆိုပါ ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမားနဲ့ Little A'Le'Inn လို့ အမည်ရတဲ့ စား သောက်ဆိုင်တစ်မှာ တွေ့ဆုံပြီး ဂြိုဟ်သားနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူမှာ ဖြစ်ပါတယ်။

Little A'Le'Inn စားသောက်ဆိုင်ဟာ ပန်းကန်ပြားပျံရှာဖွေသူတွေ လာရောက်တွေ့ဆုံလေ့ရှိတဲ့ စားသောက် ဆိုင်ဖြစ်ပြီး စိတ်ကူးယဉ် ရုပ်ရှင်တွေထဲမှာ မကြာခဏ ပါလေ့ရှိတဲ့ Area 51 နဲ့လည်း နီးကပ်စွာ တည်ရှိ နေတာကြောင့် ရီဟားနားက အဲဒီဆိုင်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ် လို့လည်း Dailystar သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဂြိုဟ်သားတွေ ကျူးကျော်လာရင် သိနိုင်အောင်လို့ ကလေးဘဝတုန်းကိုဆိုရင် ကောင်းကင်ကို မော့ကြည့်ပြီး အချိန်ဖြုန်းလေ့ ရှိတယ်လို့လည်း ရီဟားနားက ပြောဖူးပါတယ်။

“ကျွန်မအဖေက ကျွန်မကို ပန်းကန်ပြားပျံတွေ ဖြတ်ပျံသွားရင် မြင်လိုက်ရအောင်လို့ အိမ်အပြင်မှာ တစ်ည လုံးထိုင်ပြီး စောင့်ကြည့်ခိုင်းလေ့ ရှိပါတယ်။ ကျွန်မ အဲဒီအလုပ်ကို နှစ်တော်တော်ကြာတဲ့အထိ လုပ်ဖြစ်ခဲ့ ပါတယ်” လို့ ရီဟားနားက ပြောခဲ့တာ ဖြစ်ပါတယ်။

Ref..မြန်မာပြည်သား

0 comments:

Post a Comment